Professional Authors

ဘာကြောင့် လဲ

မင်းကိုမေ့မယ်  ငါကြံရွယ်လဲ
မမေ့နိုင်တာ   ဘာကြောင့်ပါလိမ့်…။
မင်းကိုမုန်းမယ်  ငါကြံရွယ်လဲ
မမုန်းရက်ခဲ့တာ  ဘာကြောင့်ပါလိမ့်….။
မင်းကိုချစ်မယ်  ငါမကြံရွယ်လဲ
ချစ်ခဲ့မိတာ   ဘာကြာင့် ပါလိမ့်….။

In: ကဗျာ Posted By: Date: Dec 16, 2010
Comment #1

ခံစားလို့ရတယ်..အဖြေကို ပြောပြလို့မရဘူး..
အားပေးနေတယ် ဖြူဖြူ

Comment #2

လိပိပြာလေးကို ဖြူကျေးဇူးတင်ပါတယ်၊

commentinfo By: phyuphyu at Dec 16, 2010
Comment #3

မေးခွန်းလေးတွေနဲ့ ပါလား ဖြူဖြူရေ အားပေးသွားတယ်နော်

commentinfo By: နှောင်းလူ at Dec 16, 2010
Comment #4

ခံစားလို့ ရတယ်ဆိုရင်တော့ တော်သေးတာပေါ့။မေးခွန်းတွေကမေးကြည့် တာပါ၊ဖြူအဖြေကိုမသိချင်ဘူး၊

commentinfo By: phyuphyu at Dec 16, 2010
Comment #5

မင်းကိုချစ်မယ် ငါမကြံရွယ်လဲ
ချစ်ခဲ့မိတာ ဘာကြာင့် ပါလိမ့်….။
အရမ်းကောင်းတဲ့ စာသားလေးပဲ ဖြူ ရေ……………

commentinfo By: ကေသရီ at Dec 16, 2010
Comment #6

ချစ်တာကတော့ ချစ်တာပဲသိတယ်။ အချစ်က အကြောင်းပြချက်မ၇ှိဘူးလေ ။ဘာကြောင့်လဲ…. ဘာကြောင့်လဲ ….
ပေါ့….

commentinfo By: genius.jinx28 at Dec 16, 2010
Comment #7

ချစ်တာက အကြောင်းပြချက်ရှိတယ်ဗျ …

Comment #8

ဒါဆိုလိပ်ပြာလေးကအချစ်ကိုအကြောင်းပြချက်နဲ့ ချစ်မှာလား။အချစ်ဆိုတာချစ်ပြီးမှအကြောင်းပြချက်ကအလိုလို
ထွက်လာတာ၊ဘာလို့ လဲဆိုတော့ ချစ်နေလို့ ပေါ့၊

commentinfo By: phyuphyu at Dec 16, 2010
Comment #9

မဟုတ်သေးဘူး အစ်မ .. . ကျွန်တော့် အမေ ပြောဖူးတဲ့ စကားတစ်ခွန်း ရှိတယ်…
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တာ အထင်ကြီးလို့တဲ့…
ဒီလူ့ပေါ်မှာရှိတဲ့ အချက်တစ်ခုခုကို အထင်ကြီးလို့ချစ်တာ…..
အထင်သေးတဲ့ ယောက်ျားတစ်ယောက်ကို ဘယ်မိန်းမက ချစ်နိုင်မှာလဲဗျာ….

Comment #10

ကျွန်တော်သိတာကို ပြောပြမယ်နော်။မှားလား မှန်လားတော့မသိဘူး။ အချစ်မှာ အကြောင်းပြချက် ၇ှိ၇င် အချစ်စစ်မဖြစ်နိုင်တော့ဘူးတဲ့ ဘာဖြစ်မှ ၊ညာဖြစ်မှ ချစ်မယ်ဆိုတာကိုပေါ့

commentinfo By: genius.jinx28 at Dec 16, 2010
Comment #11

ဒါဆိုအထင်ကြီးစရာမရှိရင်မချစ်ရဘူးပေါ့၊အဲဒီအထင်ဆိုတာချစ်ပြီးမှဖြစ်လာတာလား။
ဒါမှမဟုတ်မချစ်ခင်ဖြစ်နေတာလားဆိုတာလိပ်ပြာလေးအမေကိုတချက်လောက်မေးကြည့် ပေးပါလား။လူကြိးစကားကမှန်တတ်တယ်လေ၊အမသိချင်လို့ ပါ။

commentinfo By: phyuphyu at Dec 16, 2010
Comment #12

ကျွန်တော်ပြောတာ အဲလို ဟုတ်ဖူးဗျ . . .အထင်ကြီးတဲ့ စိတ်ဆိုတာ ဂုဏ်တွေ ပကာသနတွေ ဖြစ်ချင်မှလည်း ဖြစ်မယ်၊ ဥပမာဗျာ စိတ်ဓါတ်ကောင်းလို့တို့၊ ကူညီတတ်လို့တို့၊ နားလည်ပေးတတ်တာတို့၊ ကြင်နာလို့တို့၊ ဘာတို့ ညာတို့ပေါ့ဗျာ … အဲဒီနေရာမှာ အထင်ကြီးတဲ့ စိတ်ဆိုတာကလဲ၊ ဖြစ်နေတဲ့ လူကိုယ်တိုင်က သိဦးမှလေဗျာ၊ သတိထားမိတဲ့ လူက နည်းပါတယ်၊ ကိုယ့်ဟာကိုယ် သေသေချာချာ ပြန်ပြီး စစ်ဆေးကြည့်ရင် ပိုသိနိုင်မယ်လို့ ထင်တယ်ဗျာ . . .

Comment #13

အစ်မကလည်း ရှင်းရှင်းကြီးကို အထင်က ပထမ၊ အချစ်က ဒုတိယ လိုက်လာတာပါဗျာ၊ ပထမဆုံးတွေ့ပြီး သူ့အကြောင်း ငါ့အကြောင်း ဘာမှ မသိ ခုမြင်ခုချစ်ဆိုရင်တော့ တမျိုးပေါ့ဗျာ။

Comment #14

ဒါဆိုအထင်ကြီးတယ်ဆိုတာတော့ မဟုတ်လောက်ဘူးထင်တယ်။လေးစားမိတာဘဲဖြစ်မှာပါ၊
ဘာလို့ လဲဆိုတော့ လေးစားမှုရှိမှ ဘာမဆိုညှိယူလို့ ရမယ်လို့ အမထင်တယ်။မှားနေရင်တော့ တောင်းပန်တယ်၊

commentinfo By: phyuphyu at Dec 16, 2010
Comment #15

အထင်ကြီးလေးစားတယ်ဆိုတဲ့ စကားက တတွဲထဲ မဟုတ်ဘူးလားဗျာ… လိပ်ပြာလဲ သေသေချာချာ မသိဘူးဗျာ အချစ်မရှိသေးတော့ အတွေးအမြင်တွေ သိပ်မလေးနက်သေးဘူး ဖြစ်နေတယ် … ရှာပေးကြပါဦး … 🙂

Comment #16

ကြော်ငြာဝင်လိုက်တာလား၊လိပ်ပြာလေးပြောသလိုမှတ်ထားကြည့် လိုက်မယ်လေ။
အချစ်မှာအကြောင်းတခုခုတော့ ရှိရမယ်၊ဟုတ်ပြီလား။

commentinfo By: phyuphyu at Dec 16, 2010
Comment #17

ဖြူ ချစ်ခြင်းတရား မှာအကြောင်းပြချက်လိုလို့လားဟင် ကောင်းပါတယ် ဖြူ အားပေးနေမယ်နော် လိပ်ပြာရေ ရှာပေးလို့တော့မရဘူး လျှာတော့ပေးလို့ရပါတယ် ………………..

commentinfo By: Gipsy Lay at Dec 16, 2010
Comment #18

မင်းကိုမေ့မယ် ငါကြံရွယ်လဲ
မမေ့နိုင်တာ ဘာကြောင့်ပါလိမ့်…။
မင်းကိုမုန်းမယ် ငါကြံရွယ်လဲ
မမုန်းရက်ခဲ့တာ ဘာကြောင့်ပါလိမ့်….။
မင်းကိုချစ်မယ် ငါမကြံရွယ်လဲ
ချစ်ခဲ့မိတာ ဘာကြာင့် ပါလိမ့်….။

ကောင်းပါတယ်ဗျာ…..မဖြူဖြူရေ……

commentinfo By: moehtetaung18 at Dec 17, 2010
Comment #19

why?
why?
why?
no reason,,,,

commentinfo By: ei lay at Feb 21, 2012
Comment #20

မင်းကိုမေ့မယ် ငါကြံရွယ်လဲ
မမေ့နိုင်တာ ဘာကြောင့်ပါလိမ့်…။
မင်းကိုမုန်းမယ် ငါကြံရွယ်လဲ
မမုန်းရက်ခဲ့တာ ဘာကြောင့်ပါလိမ့်….။
မင်းကိုချစ်မယ် ငါမကြံရွယ်လဲ
ချစ်ခဲ့မိတာ ဘာကြာင့် ပါလိမ့်….။

commentinfo By: meso at Jan 23, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment