Professional Authors

ကောင်းသောနေ့လေးပါ.!

“ကောင်းသောနေ့လေးပါ” လို့ပြောတတ်တဲ့ ကောင်မလေးရေ….!
ငါ့ရဲ့ မနက်ဖြန်တွေဟာ မင်းရဲ့
စကားလေး တစ်ခွန်းနဲ့ ကောင်းမွန်နေတယ်ဆိုတာ
မင်းသိရဲ့လား…?
မှောင်မိုက်နေတဲ့ ငါ့ဘ၀အတွက်တော့ ..
“ကောင်းသောနေ့လေးပါ” ဆိုတာ ဘယ်တော့များမလဲ ကွယ်..?
ကောင်မလေးရယ်…!
ငါတို့ ချစ်ခြင်းတွေ အရောင်မဖျော့ဖို့
“ယုံကြည်မှု” ဆိုတာကို
စားသုံးကြရအောင်…!
“ကောင်းသောနေ့လေးပါ” ကောင်မလေး…!
ဘာမှ မရေရာတဲ့ လောကထဲမှာ
ဘယ်လောက်ကြာကြာ
ငါတို့ … ချစ် … နေကြမလဲ..?
မင်းရဲ့ ရယ်သံလွင်လွင်ကြားမှာ
ငါ့… ရင်ခုန်သံတွေစီးမျောနေတာ…
သိရဲ့လား …?
ကောင်မလေးရယ်…..
ငါ့ ရင်ခုန်သံတွေ မဟောင်းသေးပါဘူးကွာ…!
မင်းနဲ့ ဆုံတွေ့ခွင့် ရ တဲ့နေ့မှာ
မတားပါနဲ့ကွာ..!
ငါချစ်ပါရစေ….!
ဘာပဲပြောပြော ………
………………..
“ကောင်းသောနေ့လေးပါ” ကောင်မလေးရေ….!

In: ကဗျာ Posted By: Date: May 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment