Professional Authors

ဘာ့ကြောင့်လဲ…….? ပြီးတော့ ဘာ့အတွက်လဲ…..?

နင် ကစားလို့ရတဲ့ အရုပ်တစ်ရုပ်
ငါ မဟုတ်တော့ …..ခက်တယ်
နင် စွပ်စွဲသော သံသယများတဲ့ငါ….
ထင်မြင်ချက်တွေ မှန်ကန်တဲ့အခါ
အနာပေါ်တုတ်ကျသလို ဖြစ်သွားလား….?

နင့်စကားသံချိုချိုတွေ
ငါ့တစ်ယောက်တည်းအတွက်မဟုတ်တော့ မသာယာလိုပါ
သီးသန့်ချစ်ခြင်းမဟုတ်တဲ့
အများပိုင် မေတ္တာတွေနဲ့
နင့်ကို…..ငါက…….ကြင်နာနေရဖို့ဆိုတာ
နင်လည်း ဦးနှောက်ရှိတဲ့သူပဲ
နင်သာ ငါ့နေရာမှာဆိုရင်……ငါမတွေးဝံ့ဘူးနော်….။

သစ္စာ…ဟုတ်လား
နင်ပေးသလိုပဲ ငါ ပြန်ပုံဖော်မှာပေါ့
ဝါဒတွေ တယူသန်စွာနဲ့
မမျှတမှုတွေဘာလို့ လိုချင်နေတာလဲ….?
ဒီမှာ……
သစ်ရွက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သစ်ပင်က သစ်ပင်ပဲ
ဒီ့အတွက် ငါ့ကို လာမခြိမ်းခြောက်ပါနဲ့….။

ငါတို့ရဲ့ သံယောဇဉ်သက်တမ်းအကြောင်း
ယောင်လို့တောင် ငါ မနှမြောမိဘူး
တခါတလေတွေဆိုရင်
ဒေါသပါထွက်တယ်
နင့်လိမ်ညာမှုတွေထဲ နစ်မြုပ်ခဲ့ဖူးသော သံသရာတစ်ခုရယ်လို့ ဆိုပြီး…။

အထီးကျန်တော့မယ်ဆိုပြီး ငါ ၀မ်းနည်းနေမယ်လို့ နင်ထင်လား….?
မုသားလောက က ငါ ရုန်းထွက်ခွင့်ရလို့
ငါ ….အခွင့်ထူးခံလို့ မှတ်ယူနေတာ…။
သိပ်ကြွေကျတတ်အောင် ဂရုစိုက်တတ်တဲ့နင့်ကို
ချန်ကာထားခဲ့ရလို့
ငါက ဘယ်မှာမှ မပျော်နိုင်လောက်ဘူးလို့ရော နင်ထင်လား….?
အချိန်အခါရှိတိုင်း လိမ်ညာတတ်သူတစ်ယောက်နဲ့
ဘယ်အခါမှ မတွေ့ရတော့တာမို့
ငါက ငါ့အနာဂတ်တွေကို တွေးတိုင်းကျေနပ်နေတာ…။

တော်လောက်ပါပြီ
လှည့်စားမှုတွေ
တခြားသူကိုသာ အသုံးချ….နုံအအဘ၀ ငါ မလိုအပ်တာမို့
ဘာ့ကြောင့်မို့
ငါက နင့်ကို…….အမြဲခွင့်လွတ်ပေးရမှာလဲ…..?
ဘာ့အတွက်မို့
နင့်စိတ်ကြိုက် လှည့်စားမှုတွေအဆုံး…..ငါ့ထံ ခိုလှုံပါ့မယ်ဆိုတာ လက်ခံရမှာလဲ….?

In: ကဗျာ Posted By: Date: Oct 8, 2011
Comment #1

သစ်ရွက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သစ်ပင်က သစ်ပင်ပဲ…။

commentinfo By: SoFarAwayFromU at Oct 8, 2011
Comment #2

ကောင်းတယ်အစ်ကို ………

commentinfo By: arkar at Oct 8, 2011
Comment #3

ကဗျာကောင်းတစ်ပုဒ်ဘဲ အားပေးသွားတယ်ဗျာ ။

commentinfo By: X - ray at Oct 9, 2011
Comment #4

wow…..

commentinfo By: ei lay at Dec 10, 2011
Comment #5

သစ္စာ…ဟုတ်လား
နင်ပေးသလိုပဲ ငါ ပြန်ပုံဖော်မှာပေါ့

commentinfo By: meso at Jan 23, 2013
Comment #6

“တော်လောက်ပါပြီ လှည့် စားမှုတွေ တခြားသူကိုသာ အသုံးချ….နုံအအဘ၀ ငါမ လိုအပ်တာမို့ ဘာ့ကြောင့် မို့ ငါက န င့် ကို…….အမြဲခွင့် လွတ်ပေးရ မှာလဲ…..? ဘာ့အတွက်မို့ နင့် စိတ်ကြိုက်လှည့် စားမှုတွေအဆုံး…..ငါ့ ထံ ခိုလှုံပါ့ မ ယ်ဆိုတာ လက်ခံရ မှာလဲ….?”

commentinfo By: ayokelay at Feb 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment