Professional Authors

နှစ်ကူးသံစဉ် လေပြေရူး – နရီထက်

စောင့်စားနေရတဲ့ မိနစ်တွေက
တစ်နှစ်တာ ဖြတ်သန်းခဲ့ရတဲ့ ဘဝ
နွေးထွေးမှု ခရီးဦး ပြုချင်တဲ့ စက္ကန့်တွေက
မောဟိုက်ခဲ့ရတဲ့ နာရီစားကိန်းတွေ…
ပြန်မလိုချင်တဲ့ နေ့ရက်အကြွင်းတွေက
အသစ်ကို ဦးတိုက်ဝါးမြိုချင်တယ်
စိတ်ဓါတ်က ပြင်းရှရှ…
ကောင်းကင်က ကြယ်တွေ စုံနေပြီး
ထင်ရှားနေပြီး ပြတ်သားနေပြီး
သတ်မှတ်ချက်တွေ
ချည်နှောင်ချင်တဲ့ အိမ်မက်ရူးတွေနှင့်
ဟစ်အော်ဟားတိုက် လက်ခုပ်တီး ကြိုဆိုပါတယ်
HAPPY NEW YEAR ရယ်
မီးပန်းဖြာတွေ သံစဉ် ဂီတတွေနှင့်
နှစ်ဦးကို အမည်ခံ မွေးစားပြန်
နောက်လာမယ့်နှစ် အကောင်းဆုံး
ALL THE BEST …
ဗီဇနှင့် စရိုက် ကွဲကွဲပြားပြားမသိတဲ့ သက္ကရာဇ်တွေက
လောကဓံကို စိန်ခေါ်ပေးနိုင်တဲ့
လေပြေရူးတွေ…
အားလုံး နမ်းရှိုက်ခွင့်ပေးတယ်
ပျော်စရာတွေနှင့် တက်ဆက်ပေးတဲ့
ပန်းခင်းအိမ်မက် ည 12 နာရီ…
12 နာရီ အကျော် ဖြတ်တက်လာမယ့် စက္ကန့်တွေက
မင်း သမိုင်း… မင်း ဘ၀… မင်း ခရီး…
မင်းရဲ့… လေပြေရူးတွေပါ….။     ။

နရီထက်
( ၁၄ ၊ ဒီဇင်ဘာ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Dec 14, 2011
Comment #1

ကောင်းကင်က ကြယ်တွေ စုံနေပြီး
ထင်ရှားနေပြီး ပြတ်သားနေပြီး
သတ်မှတ်ချက်တွေ
ချည်နှောင်ချင်တဲ့ အိမ်မက်ရူးတွေနှင့်
ဟစ်အော်ဟားတိုက် လက်ခုပ်တီး ကြိုဆိုပါတယ်
HAPPY NEW YEAR ရယ်
ဗီဇနှင့် စရိုက် ကွဲကွဲပြားပြားမသိတဲ့ သက္ကရာဇ်တွေက
လောကဓံကို စိန်ခေါ်ပေးနိုင်တဲ့
လေပြေရူးတွေ…
အားလုံး နမ်းရှိုက်ခွင့်ပေးတယ်
ပျော်စရာတွေနှင့် တက်ဆက်ပေးတဲ့
ပန်းခင်းအိမ်မက် ည 12 နာရီ…
12 နာရီ အကျော် ဖြတ်တက်လာမယ့် စက္ကန့်တွေက
မင်း သမိုင်း… မင်း ဘ၀… မင်း ခရီး…
မင်းရဲ့… လေပြေရူးတွေပါ….။ အဲ့အပှဒ်လေးတွေကြိုက်တယ် စကားလုံးတွေကိုပိုခိုက်တယ်။ရိုးရိုးလေးပဲ အားပေးသွားတယ်။

commentinfo By: thuya at Dec 14, 2011
Comment #2

ဗီဇနှင့် စရိုက် ကွဲကွဲပြားပြားမသိတဲ့ သက္ကရာဇ်တွေက
လောကဓံကို စိန်ခေါ်ပေးနိုင်တဲ့
လေပြေရူးတွေ…
အားလုံး နမ်းရှိုက်ခွင့်ပေးတယ်
ပျော်စရာတွေနှင့် တက်ဆက်ပေးတဲ့
ပန်းခင်းအိမ်မက် ည 12 နာရီ…
12 နာရီ အကျော် ဖြတ်တက်လာမယ့် စက္ကန့်တွေက
မင်း သမိုင်း… မင်း ဘ၀… မင်း ခရီး…
မင်းရဲ့… လေပြေရူးတွေပါ….။ ။
..
အရမ်းကြိုက်တယ်….ဗျာ

commentinfo By: အသဲကွဲမိုး at Dec 14, 2011
Comment #3

လေပြေရူး တွေတဲ့လားးး

ဒါဆိုနှစ်ကူးမှာတောင်ကြောက်လာပီ….

နှစ်ကူးမှာအရူးတော့မလုပ်လိုက်ပါနဲ့ဗျာ…..

ကဗျာလေးကောင်းပါတယ် အားပေးသွားတယ်နော်

commentinfo By: harris at Dec 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment