Professional Authors

တိမ်လိုလူ – နရီထက်

အားသာတဲ့အခါ တိမ်ကျယ်ကျယ်နဲ့
ပျော်မြူးခဲ့တယ်
အားပျော့တဲ့အခါ တိမ်မွှားလေးနှင့်ငါ့နေရာ
ကြည့်မကောင်းခဲ့ပါ
လေပြည်နှင်းလို့ ခရီးဆက်ခဲ့သေးတယ်
မကွယ်ပျောက်ခင်လေး
ကြယ်စင်တွေကလည်း ငါကို
ရယ်ပြခဲ့တယ်
လမင်းကလည်း ငါကို ပြုံးခဲ့တယ်
တိမ်ညိုတွေနှင့် ငါ့မျက်နှာ ငိုလိုက်ရင်
လူတွေအားလုံး ကြောက်နေကြတယ်
ထွက်ပြေးနေကြလေးရဲ့
ငါ့ရဲ့မျက်ရည်မိုးတွေကို သူတို့
မခံစားနိုင်လို့
ပျောက်တစ်လှည့်ပေါ်ခါရယ်
အရောင်တွေအမျိုးမျိုးနှင့်
ငါ့ဘ၀ရယ် ကောင်းကင်မာယာက
ဖန်တီးလေးသလားကွယ်။    ။

နရီထက်
( ၃၁ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 31, 2010
Comment #1

အရမ်းသဘောကျပါတယ်ခင်ဗျာ…
ကူးသွားတယ်နော်…ကဗျာလေးကို…ကျေးဇူးတင်ပါတယ်နရီထက်ရေ…။

commentinfo By: တိမ်လိုလူ at Oct 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment