Professional Authors

ဗီလိန် – နရီထက်

အမြင့်ကြောက်သူလို့ မဆိုသာဘူး
ဆပ်ပြာပူးဖောင်းလေးတွေက…
လွင့်စင်လွယ်တယ်
ကွယ်ပျောက်လွယ်တယ်
ကြေလွယ်တယ်…

ဆင်းရဲမှာ ကြောက်သူလို့ မထင်သာဘူး
ငွေသားတွေက…
ရယ်လွယ်တယ်
ငိုလွယ်တယ်
ပျက်လွယ်တယ်
မြင့်လွယ်တယ် တဲ့လား..

မျှော်လင့်ခြင်းတွေက တစ်ခါ တစ်ခါကျတော့လည်း
အတောင်တွေ မစုံဘူး…
အရောင်တွေ စုံသွားတတ်တယ်

ဘ၀တွေဆိုတာ အလင်းဖိုးမပေးရှင်းရတဲ့
လမ်းဘေး မာကျူရီမီးတန်းလို့ပဲ…
အခန်းဆက်ပြဇာတ်အတွက်တော့…
ငွေတွေ အံ့ထုတ်သွန်းချသွားတာ များတယ်

အမာခံဦးနှောက်နဲ့တော့ မင်းယုံကြည်ချက်တွေက
ခေါင်းမာနေတာတွေ များမယ်
မင်းစိတ်ဓါတ်တွေက ဒိုင်း ဖြစ်ခဲ့တာ နည်းပါတယ်

ဆွဲလွဲသံနှင့်တော့ ဆည်းဆာကို မချုပ်တည်းနှင့်
နေလောင်လွယ်တဲ့ အရိပ်တွေ များလောက်ပြီး
ရွှေထီးဆောင်းချင်တဲ့ စိတ်ကူးလောက်နဲ့တော့ အရူးမဖြစ်လောက်ပါဘူးနော်…

အညံ့မခံချင်တဲ့ မင်းဒူးတွေက
အိမ်မက်တွေကို တောင်းပန်နေတတ်တယ်
ကြာတော့လည်း ရောင်းစားတတ်တာ များပါတယ်လေ….

ကြေကွဲဖို့ သက်သက်အတွက်နှင့်တော့
ဘ၀တွေက ချုပ်ရာ မပါဘူး…
အပြုံးတွေက မင်း ချော်လှဲမှ ရောထိုင်မှာ သိလား….

ကြာရှည် မမြဲတော့တဲ့ တိမ်လွှာတွေ
ပတ်ဝန်းကျင်မှာ အုံ့စိုင်းနေပြီးတာပါကွယ်….။      ။

နရီထက်
( ၃၁ ၊ အောက်တိုဘာ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Oct 31, 2011
Comment #1

တစ်ပှဒ်လုံး ကြိုက်တယ်။ ဖတ်ရတာ အားရပါးရ ရှိတယ်။ အကြိုက်ဆုံးအပှဒ်လေးတွေက

မျှော်လင့်ခြင်းတွေက တစ်ခါ တစ်ခါကျတော့လည်း
အတောင်တွေ မစုံဘူး…
အရောင်တွေ စုံသွားတတ်တယ်

အမာခံဦးနှောက်နဲ့တော့ မင်းယုံကြည်ချက်တွေက
ခေါင်းမာနေတာတွေ များမယ်
မင်းစိတ်ဓါတ်တွေက ဒိုင်း ဖြစ်ခဲ့တာ နည်းပါတယ်

အညံ့မခံချင်တဲ့ မင်းဒူးတွေက
အိမ်မက်တွေကို တောင်းပန်နေတတ်တယ်
ကြာတော့လည်း ရောင်းစားတတ်တာ များပါတယ်လေ….

ကြေကွဲဖို့ သက်သက်အတွက်နှင့်တော့
ဘ၀တွေက ချုပ်ရာ မပါဘူး…
အပြုံးတွေက မင်း ချော်လှဲမှ ရောထိုင်မှာ သိလား….တဲ့ အဲ့အပှဒ်လေးတွေ အကြိုက်ဆုံးပဲ။

commentinfo By: thuya at Nov 1, 2011
Comment #2

ကြေကွဲဖို့ သက်သက်အတွက်နှင့်တော့
ဘ၀တွေက ချုပ်ရာ မပါဘူး…
အပြုံးတွေက မင်း ချော်လှဲမှ ရောထိုင်မှာ သိလား….

ကြာရှည် မမြဲတော့တဲ့ တိမ်လွှာတွေ
ပတ်ဝန်းကျင်မှာ အုံ့စိုင်းနေပြီးတာပါကွယ်….။ ။
……
တပုဒ်လုံးကို ကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Nov 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment