Professional Authors

ရိုင်းလိုက်တဲ့ စိတ် – နရီထက်

ကြည်းကာမလို ငါကိုငါလည်း
မကာကွယ်ခဲ့ပါ
တကယ့် ကာကွယ်မိတာက
အများသူငါ…

အေးချမ်းမှုကို ပထမတန်းစားတင်ချင်တော့
အများသူငါက ဦးစားပေးစနစ်တစ်ခုပါ
လွတ်လပ်မှုကို ရွေးချယ်ချင်တော့
ငါကိုယ်တိုင်လည်း စည်းကမ်းရှိခဲ့တယ်
မျှတမှုကို ကိုးကွယ်ချင်တော့
ဘ၀တွေအားလုံး မြင်တတ်အောင် ကြည့်တတ်ခဲ့တယ်

ငါ စားခဲ့တဲ့ နံနက်စား
ကမ္ဘာမြေအတွက် တန်ကြေးရှိသလား
ငါ ဖတ်ခဲ့တဲ့ စာတွေ
အများသူငါအတွက် ပေးဆပ်ခဲ့သလား
ငါ ရေးချင်တဲ့ စာ
ဘ၀တွေကို လင်းလက်စေမလား
ငါ ကိုယ်တိုင် သိရှိခွင့် မရှိလေပြီး

ပကာသနတွေကြား
ကျိန်စာတိုက် လူတစ်သိုက်
သွေးမြေခကြား ငါအား ထား
ငါ့အသက်ကိုလဲ ယူချေပြီး
မိုးမြေထိ တက်ချင်ကြတယ်လေး

အဆုံးထိမှတော့ သေတွင်းနက်ရုံတစ်မယ်ပါ
လွတ်လပ်ခွင့်ကို လိုက်ရှာနေတဲ့ သည်လူသားတွေကြား
ရိုင်းလိုက်တဲ့စိတ်တွေက
ကျိန်စာတိုက်နေတုန်းပဲလား…။       ။

နရီထက်
( ၁၉ ၊ ဂျူလိုင်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jul 19, 2011
Comment #1

ဒိကဗျာ ကတစ်မျိုးပဲ နော် ကောင်းတယ်ကိုကြိး တော်တော် တွေးယူရတယ် အဓိပ္ပါယ်ကို အဓိပ္ပါယ် တော်တော်နက်တယ်။ကိုကြိး ကဗျာကောင်းလေးပါ။

commentinfo By: thuya at Jul 19, 2011
Comment #2

ပကာသနတွေကြား
ကျိန်စာတိုက် လူတစ်သိုက်
သွေးမြေခကြား ငါအား ထား
ငါ့အသက်ကိုလဲ ယူချေပြီး
မိုးမြေထိ တက်ချင်ကြတယ်လေး
သိပ်မိုက်ဗျာ
19ဂျူလိုင်..မမေ့နိုင်

commentinfo By: အသဲကွဲမိုး at Jul 19, 2011
Comment #3

ပကာသနတွေကြား
ကျိန်စာတိုက် လူတစ်သိုက်
သွေးမြေခကြား ငါအား ထား
ငါ့အသက်ကိုလဲ ယူချေပြီး
မိုးမြေထိ တက်ချင်ကြတယ်လေး…။

Comment #4

အားပေးဖတ်ရှုကြတဲ့ ကဗျာ့ချစ်သူများအားလုံးကို ကျေးဇူးပါ။

commentinfo By: Nayihtet at Jul 25, 2011
Comment #5

ကောင်တယ်ဗျာ…
19ဂျူလိုင်..မမေ့နိုင်..
ဆိုတာလေးက ပို ကောင်းတယ်….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 25, 2011
Comment #6

ပကာသနတွေကြား
ကျိန်စာတိုက် လူတစ်သိုက်
သွေးမြေခကြား ငါအား ထား
ငါ့အသက်ကိုလဲ ယူချေပြီး
မိုးမြေထိ တက်ချင်ကြတယ်လေး

အဆုံးထိမှတော့ သေတွင်းနက်ရုံတစ်မယ်ပါ
လွတ်လပ်ခွင့်ကို လိုက်ရှာနေတဲ့ သည်လူသားတွေကြား
ရိုင်းလိုက်တဲ့စိတ်တွေက
ကျိန်စာတိုက်နေတုန်းပဲလား…။ ။
အရမ်းကောင်းတယ်အကိုကြီး…

commentinfo By: myintmo at Sep 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment