Professional Authors

……..Borned Soilder………

……..Borned Soilder………

ကျား!. . . . ……….
သူငယ်ချင်းအပေါင်း ရောင်းရင်းတို့ရေ
ကြားရဲ့လားဟေ့၊ နားစွင့်ထားသလားဟေ့…
ကျား!. . . . ……….
ဒါဟာ စီးချင်းထိုး တိုက်ပွဲခေါ်သံ
တိုက်ပွဲပျော်တွေ ကြားရဲ့လားဟေ့၊

ကမ္ဘာမှာ မြန်မာဟာ
မွေးရာပါ တိုက်ချင် ခိုက်ချင်တဲ့
Borned Soilder, We are Borned Soilder
စစ်တိုက်ဖို့ မွေးလာတဲ့လူသား၊၊

ထမင်းဝရင် စစ်တိုက်ထွက်တာ
မြန်မာဆိုတာ ………..
ဒင်းတို့ မေ့နေလေရော၊
ငါတို့ကပဲ သွေးအေးနေသလော၊၊

ငါးပိရည်နဲ့ ထမင်းစားပြီး
စစ်တိုက်နိုင်တာ ကမ္ဘာမှာ မြန်မာပဲရှိတာ
ဒင်းတို့ကပဲ မေ့နေသလား
ငါတို့ကပဲ သွေးလေးနေသလား။

ငါတို့ခောတ်မှာ
ရာဇ၀င်မရိုင်းလေအောင်
အရေးနီးနေပီမို့
သွေးကြီးဖို့တော့ လိုလာပီ သူငယ်ချင်း။

ကျား! . . . . ………….
ဒါဟာ စိန်ခေါ်သံလား၊
တိုက်ပွဲခေါ်သံလား၊
ဒီမှာ သူငယ်ချင်း
ဒင်းတို့ သိအောင်
မင်းကြုံရင် မင်း
ငါကြုံရင် ငါ
ပြော၊ ပြ စမ်းမယ်
မြန်မာကို ” စမ်းချင်ရာစမ်း
သွေးတိုးတော့ လာမစမ်းနဲ့”

နေ့သစ်
4.6.14.
8.15 pm to 9.56pm

In: ကဗျာ Posted By: Date: Jun 4, 2014
Comment #1

အပါ……ရှယ်ပဲ

commentinfo By: May Kha at Sep 9, 2014
Comment #2

မမေခ …..ကျေးကျေး

commentinfo By: nate thit at Jan 10, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment