Professional Authors

ဆည်းဆာတွေအရောင်ဖျော့

မနေ့ကမဟုတ် သော်လည်း မနေ့ကလိုမျိုး

အတိတ်ဆိုးဆိုးတွေသိမ်းတာများတော့

သတိရစရာက ခပ်ဆွေးဆွေး

နာရီတွေလည်တဲ့အချိန်ကပဲ

ရာသီတွေပဲ ကွာပြီး နေ့ရက်မတူတော့တာနဲ့

ရင်ခုန်သံတွေ ပြောင်းသွားတာလောက်ပဲ

ထိုစဉ်က စိတ်ကူးက ယခုနဲ့ကွာခြားတယ်

မထင်ခဲ့တာက ရင်နင့်စရာတစ်ခု

တစ်ချိန်က ဆည်းဆာအရောင်ဖျော့ခဲ့တယ်

သူ့စကားသံက ရှိုက်သံရောလို့

သူ့မျက်ဝန်းက မျက်ရည်မြစ်တစ်ခုပြောင်းတဲ့ခဏ

 

တစ်ချိန်က လင်းတဲ့သူ့အပြုံးကရင်ခုန်းနှုန်းကို မြှင့်စေဖူးတယ်

ထိုချိန်က အပြုံး ငါ့မျက်ဝန်းကို ရီဝေသွားစေလေရဲ့

 

စကားသံတွေ ရင်ထဲမှာ ၀ုန်းဒိုင်းကြဲလို့

သူ့ရင်ထဲမှာတောင် ကောင်းကင်ပြိုတာ ငါမြင်နေမိတုန်း

မဖြစ်နိုင်တဲ့ ဘ၀ ၂ခု ကြောင့်

ဖြစ်သင့်တာ ဝေးကြဖို့ ဆိုတော့

ဒါက “နောက်ဆုံး လမ်းခွဲချိန်ဆိုပဲ”

 

ကဲပါ .. ငိုမနေနဲ့

နင့်အချစ်တွေလည်း ဆည်းဆာနဲ့အတူအရောင်ဖျော့တော့

ကြေကွဲစွာတစ်ခွန်းပဲပြောကြမယ်

သတိရတိုင်းငါ့တို့မျက်ရည်ဝိုင်းတဲ့ နေ့ကိုအမှတ်ရပါ

နှုတ်ဆက်တဲ့ အနမ်းမထူးလို့ အစမပျိုးခဲ့ပါဘူး

 

ထိုနေ့က ဆည်းဆာတွေအရောင်ဖျော့လို့

 

ဟုတ်တယ် ~~~~ ဆည်းဆာတွေအရောင်ဖျော့လို့ အိမ်မက်သေးသေးတစ်ခုပြိုကျခဲ့တယ်

In: ကဗျာ Posted By: Date: Oct 4, 2011
Comment #1

မဖြစ်နိုင်တဲ့ ဘ၀ ၂ခု ကြောင့်

ဖြစ်သင့်တာ ဝေးကြဖို့ ဆိုတော့

ဒါက “နောက်ဆုံး လမ်းခွဲချိန်ဆိုပဲ
ထိုနေ့က ဆည်းဆာတွေအရောင်ဖျော့လို့

ဟုတ်တယ် ~~~~ ဆည်းဆာတွေအရောင်ဖျော့လို့ အိမ်မက်သေးသေးတစ်ခုပြိုကျခဲ့တယ်

commentinfo By: May Kha at Oct 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment