Professional Authors

ပန်းမရှိပေမဲ့ လမ်းရှိတယ် – နရီထက်

တေးသီဌက်တွေ ဝေးလွင့်စ
ပန်းတွေညှိုးနွမ်းစွင့်ကြွေ
ရနံ့ဝေးစင်ပြေးထွက်ရစ်လို့
တွယ်တာရာတွေ ကွယ်ပျောက်နေလား

ဒီနားမှာ ပန်းမဝေလည်း
လမ်းတွေ ကျန်သေးတယ်
ဟို အဝေးမှာ ပန်းမမြင်ပေမဲ့
လမ်းတွေ မြင်သေးတယ်
ကြင်နာတာတွေ တိတ်ဆိတ်နေလား

ပန်းမပျိုးပေမဲ့
လမ်းခင်းခဲ့တယ်
ပန်းမစိုက်ပေမဲ့
လမ်းဖောက်ခဲ့တယ်
ရှေ့မှာ ရှေ့မှာ ရွာမြင်နေသေးတယ်
မျှော်လင့်ချက်တွေ ကွယ်ဝှက်နေလား

ပန်းရနံ့တွေ တစိုက်စိုက်မတ်မတ်
မရှုရှိုက်ရပေမဲ့
မြေသင်းရနံ့သင်းသင်းလေးကို
တစ်ချက်တစ်ချက် ရှုရှိုက်မိတယ်
ပန်းခင်းလေးတွေ မမြင်ပေမဲ့
လမ်းနီကလေးတွေ
မြင်နေသေးတယ်
ဆက်လျှောက်နေရတယ်လေး

သွယ်လျာလမ်းကွေ့
လမ်းချိုးတစ်သွယ်
ဘယ်ညာ လမ်းခွဲ
လမ်းမကြီးက ဘယ်မှာလဲ
လမ်းမမှားအောင် ရွေးနေရတယ်
ပန်းရနံ့တွေက မှားမယ် မထင်
လမ်းခွဲတွေက မှားမယ် ထင်

စိတ်ကူးတွေလည်း မယဉ်
အတွေးတွေက များဘိထင်
ဟိုတစ်ချိန်က လမ်းခွဲကလေး
ဒီနေ့ ငါ့အနား ရောက်နေထင်
လမ်းမကြီးက ဘယ်မှာလဲ
ဆက်လျှောက်ရအုန်းမယ်

လမ်းတွေက ရွေးဆင့်ခွဲဖြာနေကြရင်လည်း
တစိုက်မတ်မတ် ဆက်လျှောက်ရင်
ပန်းခင်းလေးတော့ မြင်ရချင်…။      ။

နရီထက်
( ၁၇ ၊ ဖေဖော်ဝါရီလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Feb 17, 2011
Comment #1

မြန်လိုပြောရရင်တော့……ကောင်းတယ်…ခံစားမိတယ်……

commentinfo By: nate thit(နေ့သစ်) at Feb 17, 2011
Comment #2

တယ်ဟုတ်ပါလား
အွန်လိုင်းကဗျာဆရာတွေ တော်တော်လာတယ်
ကြိုးစား………………

commentinfo By: ဆရာကြီး at Feb 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment