Professional Authors

ကာလာစုံ

“ကာလာစုံ”

မိန်းမတို့ဘုန်း ဆံထုံး
ရင်ဖုံးလေးနဲ့ ယဉ်တာ
တစ်ချိန်က ဒို့ဗမာမလေးတွေလေ …
ဆံကေသာ တိုနန့်နန့်
ဘောင်းဘီ၊ စကပ်တိုတာ
ဒီဘက်ခေတ် ဒို့ ဗမာမလေးတွေလား …
ပါးကွက်ကြားကို ပါးထက်တင်
သနပ်ခါးလေးနဲ့ ယဉ်တာ
တစ်ချိန်က ဒို့ ဗမာမလေးတွေလေ …
ကာချယ်ရောင်စုံ ပါးထက်ဆင်
ဆေးဆိုးပန်းရိုက် မျက်နှာ
ဒီဘက်ခေတ် ဒို့ ဗမာမလေးတွေလား …
နေတာထိုင်တာ မခို့တရို့
ထိုင်မသိမ်းလေးနဲ့ ယဉ်တာ
တစ်ချိန်က ဒို့ ဗမာမလေးတွေလေ …
နေတာထိုင်တာ မရိုကျိုး
ကပိုကရို ၀တ်စားလာတာ
ဒီဘက်ခေတ် ဒို့ဗမာမလေးတွေလား …
ချစ်သူကို လေးစား
အချစ်ကို တန်ဖိုးထားတာ
တစ်ချိန်က ဒို့ဗမာ မလေးတွေလေ …
အချစ်ကိုဗန်းပြ
တစ်ယောက်ပြတ် တစ်ယောက်တွဲတာ
ဒီဘက်ခေတ် ဒို့ဗမာမလေးတွေလား …
အတုခိုးမှား
ရိုးသားပါတယ်ဆိုတဲ့
ဒို့ဗမာမလေးတွေ
ရွာဖြစ်သွားတဲ့ ကမ္ဘာကြီးကြောင့်
ကာလာလေးတွေ စုံလာပြီတဲ့လား …..။

နေမင်းခ(မန်းမြေ)

In: ကဗျာ Posted By: Date: Oct 6, 2011
Comment #1

ဒို့ဗမာထီးလေးတွေ ကော်
ရွာဖြစ်သွားတဲ့ ကမ္ဘာကြီးကြောင့်
ကာလာလေးတွေ စုံကုန်ပြီလား…။

commentinfo By: SoFarAwayFromU at Oct 6, 2011
Comment #2

ကျွန်တော်ကရဲဝင့်အောင်ပါ….
အားပေးသွားပါတယ် ခင်ဗျာ…………….
အရမ်းအရမ်း ကိုထိလှပါရဲ့

commentinfo By: yaewintaung at Oct 6, 2011
Comment #3

အတုခိုးမှား
ရိုးသားပါတယ်ဆိုတဲ့
ဒို့ဗမာမလေးတွေ
ရွာဖြစ်သွားတဲ့ ကမ္ဘာကြီးကြောင့်
ကာလာလေးတွေ စုံလာပြီတဲ့လား ….

commentinfo By: May Kha at Oct 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment