Professional Authors

တမင်တကာ အရောင်ဖျော့ထားတဲ့ ကောင်းကင်

ဒီကစားပွဲမှာ
သူတို့အားလုံး ဇာတ်လိုက်တွေချည်းပဲ။

ကိုယ်တစ်ယောက်တည်းသာ
(ကိုယ့်အတက် ကိုယ်ရိုက်ချိုးပြီး နာမည်ဝှက်ခဲ့မိလို့)
ထမင်းမစား ကွမ်းမစား သတ်မှတ်ခံထားရပေါ့။

တခုတ်တရဖမ်းမယ့်သူ မရှိ
‘ပြန်သူ’အော်လည်း ရန်သူလိုတားမယ့်သူ မရှိနဲ့
နာနာကျင်ကျင် ၀င်ကစားနေသူပါ။

ဒီစကားကြားရုံနဲ့တော့
ကိုယ့်ကို မသနားလိုက်ပါနဲ့ အချစ်ရယ်။

ဟောဒီကောင်လေ
ထမင်းရည်ပူစည်း နင်းမိလို့မှဖြင့်
ဘယ်တော့မှ မသေ။

In: ကဗျာ Posted By: Date: Jun 7, 2011
Comment #1

ဒီကစားပွဲမှာ
သူတို့အားလုံး ဇာတ်လိုက်တွေချည်းပဲ။

ကိုယ်တစ်ယောက်တည်းသာ
(ကိုယ့်အတက် ကိုယ်ရိုက်ချိုးပြီး နာမည်ဝှက်ခဲ့မိလို့)
ထမင်းမစား ကွမ်းမစား သတ်မှတ်ခံထားရပေါ့။
………………..
ကောင်းပါ့….အားပေးသွားတယ် ဦးဂျီး

commentinfo By: အသဲကွဲမိုး at Jun 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment