Professional Authors

ရင်တံတိုင်း

ထားခဲ့တာလားမောင်
ှဆွံ့အနေတဲ့ အသိတရားတွေကြားထဲ
ထုံကျဉ်နေတဲ့နှလုံးသားအစုံနဲ့
နင်မရှိတဲ့နေ့ရက်တိုင်း ငါအထပ်ထပ်မေးနေမိတယ်

နင်မယုံပါဘူးဆိုတဲ့ သစ္စာတရားတွေကို
တစ်ချိန်က ဟော့ဒိ့ငါ့ရင်ဘတ်ကိုလောင်းကြေးထပ်ပြီး
တည်ဆောက်ပေးခဲ့တာပါမောင်

မာနကိုကိုးကွယ်ထားတာမဟုတ်ပေမယ့်
အဆိပ်မရှိတဲ့ အတ္တတစ်ချို့နဲ့
နင်ပြန်လှည့်လာမလားလို့ စောင့်နေမိရင်း
ကုန်ဆုံးခဲ့တဲ့ ဆည်းဆာတွေ
ငါမရည်တွက်ထားရဲခဲ့ဘူး

ပြောကြေးဆို
သိပ်ချစ်တက်တဲ့နှလုံးသားနဲ့ရပ်တည်ခွင့်ပေးခဲ့တဲ့
နင့်ချစ်သူနေရာလေးကို ငါမစွန့်လွှတ်နိုင်သေးဘူး
ပြီးတော့ နင့်ကိုအစားမထိုးနိုင်တဲ့ ကွက်လပ်လေးတစ်ခုလို
တမြတ်တနိုး သိမ်းထားတုန်းဆိုပေမယ့်
ရက်စက်သူကြောင့်

ခုတော့
အလွမ်းတွေတနင့်တပိုးနဲ့
ငါ့ရင်တံတိုင်းတွေ
ကျိုးကြေနေခဲ့ပြီပဲ မောင်။

In: ကဗျာ Posted By: Date: Jun 9, 2011
Comment #1

မခင်ဘုန်းနေ….အ၇မ်းခံစားလို့ကောင်းပါတယ်
အားပေးနေပါတယ်။

commentinfo By: poem.poem28 at Jun 9, 2011
Comment #2

ပြောကြေးဆို
သိပ်ချစ်တက်တဲ့နှလုံးသားနဲ့ရပ်တည်ခွင့်ပေးခဲ့တဲ့
နင့်ချစ်သူနေရာလေးကို ငါမစွန့်လွှတ်နိုင်သေးဘူး….
ခုတော့
အလွမ်းတွေတနင့်တပိုးနဲ့
ငါ့ရင်တံတိုင်းတွေ
ကျိုးကြေနေခဲ့ပြီပဲ မောင်…!!!!!
အရမ်းကောင်းပါတယ်…..ကဗျာလေးရော စာသားလေးတွေရော…အားပေးသွားတယ် ခင်ဘုန်းရေ…။

commentinfo By: ကေသရီ at Jun 9, 2011
Comment #3

နင်မယုံပါဘူးဆိုတဲ့ သစ္စာတရားတွေကို
တစ်ချိန်က ဟော့ဒိ့ငါ့ရင်ဘတ်ကိုလောင်းကြေးထပ်ပြီး
တည်ဆောက်ပေးခဲ့တာပါမောင်

မာနကိုကိုးကွယ်ထားတာမဟုတ်ပေမယ့်
အဆိပ်မရှိတဲ့ အတ္တတစ်ချို့နဲ့
နင်ပြန်လှည့်လာမလားလို့ စောင့်နေမိရင်း
ကုန်ဆုံးခဲ့တဲ့ ဆည်းဆာတွေ
ငါမရည်တွက်ထားရဲခဲ့ဘူး

…………………
ကြိုက်နှစ်သက်သွားပါတယ်

commentinfo By: အသဲကွဲမိုး at Jun 9, 2011
Comment #4

အရမ်းကောင်းပါတယ် ………။ ။

Comment #5

မကေတို့ ၊ မိုး တို့ ၊ poem.poem နဲ့ ကိုဇော်သက်ဦးတို့ကိုမမှီပါဘူး

ဒီလို comment ရေးပေးတာပဲကျေးဇူးတင်ပါတယ်။

commentinfo By: ခင်ဘုန်းနေ at Jun 9, 2011
Comment #6

ပြောကြေးဆို
သိပ်ချစ်တက်တဲ့နှလုံးသားနဲ့ရပ်တည်ခွင့်ပေးခဲ့တဲ့
နင့်ချစ်သူနေရာလေးကို ငါမစွန့်လွှတ်နိုင်သေးဘူး
ပြီးတော့ နင့်ကိုအစားမထိုးနိုင်တဲ့ ကွက်လပ်လေးတစ်ခုလို
တမြတ်တနိုး သိမ်းထားတုန်း……

commentinfo By: Myat Noe at Jun 12, 2011
Comment #7

အလွမ်းတွေတနင့်တပိုးနဲ့
ငါ့ရင်တံတိုင်းတွေ
ကျိုးကြေနေခဲ့ပြီပဲ မောင်။

commentinfo By: MyoZin at Jul 3, 2011
Comment #8

မာနကိုကိုးကွယ်ထားတာမဟုတ်ပေမယ့်
အဆိပ်မရှိတဲ့ အတ္တတစ်ချို့နဲ့
နင်ပြန်လှည့်လာမလားလို့ စောင့်နေမိရင်း
ကုန်ဆုံးခဲ့တဲ့ ဆည်းဆာတွေ
ငါမရည်တွက်ထားရဲခဲ့ဘူး

commentinfo By: ရနံ့ at Sep 17, 2011
Comment #9

အားပေးသွားပါတယ်..။ စကားလုံးတွေသုံးတတ်တယ်နော်…။
တာရာကိုကို

commentinfo By: တာရာကိုကို at Oct 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment