”ဒါပေမဲ့လည်း”
 ”ဒါပေမဲ့လည်း”
ငါ့ဘက်ကစပြီး
လမ်းခွဲစကားမပြောပါဘူး။
ဒါပေမဲ့လည်း နင့်ဘက်ကပြောလာရင်တော့
ကြည်ကြည်ဖြူဖြူ ငါစွန့်လွှုတ်ပေးပါ့မယ်ချစ်သူ
လမ်းခွဲနိုင်လို့တော့မဟုတ်ဘူး။
နင်စိတ်ချမ်းသာဖို့ပါ ချစ်ရသူရယ်။
ဝေးနေလို့လဲ ငါ့စိတ်တွေမယိုင်လဲဘူး
တစ်ချိန်တော့နီးနိုင်မယ်လို့
စိတ်ကထင်မိပါရဲ့ 
ဝေးနေပေမဲ့လည်း ဒီတိုင်းပါပဲ
ငါတို့ကဘယ်သောခါကမျှ
မဆုံဖူးသေးသကိုး၊
ဒါပေမဲ့လည်း လွမ်းစိတ်ကရင့်လာတော့ 
ငါတစ်ယောက်အရူးလိုပေါ့
တစ်ခါတရံတော့လည်း
ရင်ထဲမှာမျက်ရည်မိုးတွေရွာနေတာပေါ့
ဒါပေမဲ့လည်း စွတ်စိုရုံလေးပါ။
ဝေးတော့လည်းဝေးပါတယ်
လွမ်းတော့လည်းလွမ်းမိတယ် 
ဒါပေမဲ့လည်း သိပ်ချစ်တယ်။
Comment #2
ဟုတ်တယ်..သီချင်းနဲ့ တူတယ်…
                        By: laypyay at May 22, 2010
                    Comment #4
ဟုတ်လား baby  နင်က producer ပေါ့ ဟုတ်လား ။ နင် ဇီးထုပ်တွေ အရမ်းထုပ်နေရမှာပေါ့။ ကောင်းတယ်။
နင်ထုပ်တဲ့ဇီးထုပ်တွေကို ငါ များများစားပေးမယ်။
                        By: hlawin777 at May 23, 2010
                    Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
Comment #1
တော်တော်သိလှချည့်လား။အဲဒါလေသမီးရေးတဲ့သီချင်း
မဆိုဖြစ်သေးလို့
ကွိကွိ¨~~~~:P