Professional Authors

ပန်းနုလွင်ပြင် -အရောင်ဖျော့ အကူး

ပိုးမျှင်ထက်ပါးပါး ကြိုးလိုလိုချည်ငင်သွယ်များ နေရောင်ထဲတောင်ထင်ထင်ရှားရှားမမြင်ရချင်
နှောင်တွယ်မိတဲ့ခံစားချက်ကို ကိုယ့်ဘာသာဖန်တီးယူခဲ့တာ။

မျက်လုံးတွေကိုမှိတ်ထားလိုက်တဲ့အခါ သူ့မျက်ဝန်းများကိုအာရုံထဲမှတ်မှတ်ထင်ထင်ရှိနေရတယ်။
စကားလုံးတွေအများကြီးအသံတိတ်ပြောဖြစ်ကြတော့ မထိခလုတ်ထိခလုတ် ယုံကြည်ချက်တွေတိုက်မိကြရုံ။
ယုံကြည်အားပေးပုံ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်က ခွင့်ရရင် မောင်တစ်ထမ်း မယ်တစ်ရွက် မေတ္တမိုးစွေချင်နေလိုက်ပုံများ ရုပ်ပျက်ဆင်းပျက်မဖြစ်ရုံစိတ်ချွန်းအုပ်ရတော့။

အဖြူရောင်အရိပ်ကလေးက စကားပြောတယ်
စိတ်ထဲထင်နေတာဖြစ်မှာပါ။
အရောင်ယောင်ကလေးတစ်ခုထဲကနေထပ်ထပ်ထပ်ထပ်ပွါးထွက် ပြီးငါ့စိတ်တစ်ခင်းလုံးစာတင်းပြည့်
သူ့ပန်းချီတွေ မသိစိတ်က တစ်ပုံပြီးတစ်ပုံ ဦးအိမ်အခန်းတိုင်းအပြည့်ချိတ်ဆွဲကားချပ်များ
ကားချပ်များ
ကားချပ်များ
အဝါရောင်နိမိတ်ကလေးတွေ ရဲ အဲသည်ထင်ရှားပေါ်လွင်တဲ့နှုတ်ခမ်းလေးများရယ် မကြည့်ရဲကြည့်ရဲလှလိုက်တာ။
သူ့ကလေးဟာသူကလေးအဖြစ်ပဲငါ့စိတ်ထဲပြည့်စုံနေလိုက်

အဲသလိုနဲ့
ငါ လှိုက်ခနဲ လှိုက်ခနဲမောလာတယ်
အသက်ရှုသံလည်းတဖြည်းဖြည်းနှေးလာပြီး….

။ ။

ဩမြိုင်

In: ကဗျာ Posted By: Date: Jul 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment