Professional Authors

ကမ်းကို ခင်တဲ့ ဇင်ယော် – နရီထက်

စီးဆင်းခြင်း နိယာမထဲမှာ
မလှနိုင်သေးဘူး
ရေတံခွန်အစားမျိုးလား

ပင်လယ်ပျော်ဇင်ယော်တစ်ကောင် မဟုတ်ဘူး
လမ်းလည်း မြင်တယ်
ကမ်းလည်း ခင်တယ်

အထီးကျန်မဆန်ချင်ဘူး
ပင်လယ်နှင့်လှေ
လှေနှင့်ပင်လယ်
သူတို့ကြားက မီးပြတိုက်ပေါ့

လေမလွင့်ချင်တဲ့ သဲမှုန့်စတွေက
ရောက်ရာနေရာမှာ ပျော်နေတတ်ကြတယ်လေး

တေးသွားညည်းတဲ့ လှိုင်းခတ်ကြားမှာ
သီချင်းဆိုပြသူ မရှိဘူး
နင်တစ်ယောက်တည်း အော်လိုက်
ပင်လယ်ကြီးက အဖော်လုပ်ပေးမယ်

နံနက်ခင်းမှာ သိပ်မလှသေးဘူး
ညနေဆည်းဆာမှာ အလှဆုံးပေါ့
အိမ်အပြန်လမ်းကို ရွေးချယ်နေကြလို့လေး

အလွမ်းငွေ့တွေ ရေငွေ့ပျံရင်တောင်
တိမ်တွေ ငိုမပြနိုင်ဘူး
အရိပ်တွေကို လိုက်ရှာနေတော့
စိတ္တဇဆန်လွန်းတယ်လို့ ၀ိုင်းပြောကြတယ်
အမှန်တကယ်က မေ့မရတာပါ

နာကျင်လွန်းတဲ့ ဝေဒနာတွေက
ရာသီတစ်ပတ်လည်လိုက်တယ်
မကျေနပ်နိုင်သေးဘူး
အတိတ်တွေက ဂန္တ၀င်ဆန်နေတုန်းပဲ

စိတ်စွဲနေတဲ့ ရောဂါက
အမှတ်တရတွေတဲ့လား
မှတ်မိတဲ့ ရောဂါက
သတိရခြင်းလား
လင်းနို့တွေက ပဲ့တင်သံနှင့် ၀မ်းသာနေလေးရဲ့။      ။

နရီထက်
( ၂၈ ၊ ဂျူလိုင်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jul 28, 2011
Comment #1

နာကျင်လွန်းတဲ့ ဝေဒနာတွေက
ရာသီတစ်ပတ်လည်လိုက်တယ်
မကျေနပ်နိုင်သေးဘူး
အတိတ်တွေက ဂန္တ၀င်ဆန်နေတုန်းပဲ

commentinfo By: HEROSMITH at Jul 28, 2011
Comment #2

ဒိကဗျာက ဆွေးရောင်သန်းတဲ့ ကျောလေးတစ်ပှဒ် ပဲ။ကဗျာလေးထဲမှာ အလွမ်းငွေ့ တွေ တွေ့ နေရတယ်။ ပင်လယ်ကမ်းစမ် ကျောက်ဆောင်တွေ ရှိတဲ့ နေရာမှာ အလွမ်းသမားတစ်ယောက်ရဲ့ တစ်ကိုယ်တည်း ခံစားနေရတဲ့ ဝေဒနာကို ရေးပြ ထားတာလို့  ကျနော် ရင်ထဲမှာ ခံစားရတယ်။ကောငးတယ်ကိုကြိး ကဗျာဖတ်ရင်းနဲ့  ကိုယ်ကိုကိုယ် တောင် အဲ့နေရာလေးရောက်သွားပိး ခံစားနေရသိလိုပဲ ။အတွေးကောင်းတဲ့ ကဗျာလေးပါ။ဒိအပှဒ်လေး တွေကိုပိုကြိုက်တယ်ကိုကြိး….အထီးကျန်မဆန်ချင်ဘူး
ပင်လယ်နှင့်လှေ
လှေနှင့်ပင်လယ်
သူတို့ကြားက မီးပြတိုက်ပေါ့

လေမလွင့်ချင်တဲ့ သဲမှုန့်စတွေက
ရောက်ရာနေရာမှာ ပျော်နေတတ်ကြတယ်လေး
နံနက်ခင်းမှာ သိပ်မလှသေးဘူး
ညနေဆည်းဆာမှာ အလှဆုံးပေါ့
အိမ်အပြန်လမ်းကို ရွေးချယ်နေကြလို့လေး

အလွမ်းငွေ့တွေ ရေငွေ့ပျံရင်တောင်
တိမ်တွေ ငိုမပြနိုင်ဘူး
အရိပ်တွေကို လိုက်ရှာနေတော့
စိတ္တဇဆန်လွန်းတယ်လို့ ၀ိုင်းပြောကြတယ်
အမှန်တကယ်က မေ့မရတာပါ

နာကျင်လွန်းတဲ့ ဝေဒနာတွေက
ရာသီတစ်ပတ်လည်လိုက်တယ်
မကျေနပ်နိုင်သေးဘူး
အတိတ်တွေက ဂန္တ၀င်ဆန်နေတုန်းပဲ

စိတ်စွဲနေတဲ့ ရောဂါက
အမှတ်တရတွေတဲ့လား
မှတ်မိတဲ့ ရောဂါက
သတိရခြင်းလား
လင်းနို့တွေက ပဲ့တင်သံနှင့် ၀မ်းသာနေလေးရဲ့။

commentinfo By: thuya at Jul 28, 2011
Comment #3

တစ်ပုဒ်လုံးကောင်းတယ်အကိုကြီး….
အားပေးသွားတယ.်နော်..

commentinfo By: myintmo at Jul 28, 2011
Comment #4

တေးသွားညည်းတဲ့ လှိုင်းခတ်ကြားမှာ
သီချင်းဆိုပြသူ မရှိဘူး
နင်တစ်ယောက်တည်း အော်လိုက်
ပင်လယ်ကြီးက အဖော်လုပ်ပေးမယ်…/

Comment #5

စိတ်စွဲနေတဲ့ ရောဂါက
အမှတ်တရတွေတဲ့လား
မှတ်မိတဲ့ ရောဂါက
သတိရခြင်းလား ဒီအပိုဒ်လေး ဖတ်လို့အလွန်ကောင်းလို့ comment ပေးသွားတယ်ဗျာ။ အရင်တုန်းက ကိုနရီထက်ကို မိန်းကလေးထင်နေတာ ကဗျာတစ်ခုမှာ comment ပေးထားတာ မြင်မှဘဲ မိန်းကလေးမဟုတ်မှန်းသိတယ် ကံကောင်းလို့ဗျာ။

commentinfo By: X - ray at Jul 28, 2011
Comment #6

တေးသွားညည်းတဲ့ လှိုင်းခတ်ကြားမှာ
သီချင်းဆိုပြသူ မရှိဘူး
နင်တစ်ယောက်တည်း အော်လိုက်
ပင်လယ်ကြီးက အဖော်လုပ်ပေးမယ်..တပုဒ်လုံးကောင်းတယ်ဗျာ။။။။။အားပေးနေလျှက်ပါ

commentinfo By: အသဲကွဲမိုး at Jul 30, 2011
Comment #7

အားပေးဖတ်ရှုကြတဲ့ ကဗျာ့ချစ်သူများအားလုံးကို ကျေးဇူးပါ

commentinfo By: Nayihtet at Aug 2, 2011
Comment #8

တေးသွားညည်းတဲ့ လှိုင်းခတ်ကြားမှာ
သီချင်းဆိုပြသူ မရှိဘူး
နင်တစ်ယောက်တည်း အော်လိုက်
ပင်လယ်ကြီးက အဖော်လုပ်ပေးမယ်
အားပေးလိုက်ပါတယ်…..။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #9

တေးသွားညည်းတဲ့ လှိုင်းခတ်ကြားမှာ
သီချင်းဆိုပြသူ မရှိဘူး
နင်တစ်ယောက်တည်း အော်လိုက်
ပင်လယ်ကြီးက အဖော်လုပ်ပေးမယ်…..

commentinfo By: ဖိုးနမ်း at Aug 3, 2011
Comment #10

အားပေးလျက်ပါ ..။

commentinfo By: chityellusoelay at Aug 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment