အရောင်ပြောင်းလဲခြင်းတိမ်တိုက်များ – နရီထက်
မနေ့ကလို …
အပြာရောင်တိမ်တိုက်တွေ ရှိမနေခဲ့ဘူး
တနေ့ကလို…
တိမ်ဖြူတွေ ကင်းစင်မနေတတ်ဘူး
ဒီနေ့မှာတော့…
တိမ်လွှာတွေ ပြေးလွှာဆော့ကစားနေကြတယ်
ငါ့စိတ်တွေ…
အဝေးကို ထွက်ပြေးသွားတတ်ကြတယ်
အနီးအနားမှာလည်း ရစ်မူးနေတတ်ကြတယ်
တနေ့ကလို…
လိုချင်တာတွေ ဘာကြောင့်မရခဲ့တာလဲ
ဒီနေ့မှာတော့…
မလိုချင်တာတွေ လက်ခံလိုက်ရသလို
ဖြစ်ချင်တာတွေကို
ရံဖန်ရံခါ အရောင်ပြောင်းသွားတဲ့ တိမ်တိုက်တွေအလား
ပြောင်းလဲကြည့်နေခဲ့တယ်
အမှန်တော့…
ပြိုမကျသွားတာက ကောင်းကင်ပါ
ပျောက်ကွယ်သွားတာက တိမ်တိုက်တွေပါ
အားယူဖို့အတွက် …
စိတ်ကိုစေခိုင်းတော့
တစ်ချို့နေ့တွေမှာ နိုးတစ်ဝက် အိပ်တစ်ဝက်နှင့်ရယ်
သြော်…
အခုနက တွေ့ခဲ့တဲ့ ဒီနေရာလေးက
တိမ်တိုက်လေးတွေ
အင်း… နောက်တစ်ခေါက်လှည့်ကြည့်ချိန်မှာ
မရှိတော့ပါလား…
စိတ်ကို မွေးဖွားဖို့အတွက်
ပျော်ရွှင်ခြင်းနှင့် ၀မ်းနည်းခြင်းက
ကိုယ်စောင့်နတ်တွေလား…
ငါက သိမလိုလိုနှင့်
ငါက စိတ်ကိုမှ လိုက်မမှီခဲ့တာ
အရောင်ပြောင်းလဲခြင်း နိယာမတွေက
ပေါက်ဖွားနေကြမို့လိုပါ…
စိတ်တွေက…
ငိုတတ်ဖို့ မျက်ရည်အကျပြခံရတယ်
ရယ်တတ်ဖို့ နှုတ်ခမ်းသားတွေ ရွေ့လျားတတ်ကြတယ်
ဟို ဟို ဟိုမှာ…
တိမ်လွှာတွေ ပြေးလွှာဆော့ကစားရင်း
အရောင်ပြောင်းလဲနေကြတယ်…။ ။
နရီထက်
( ၁၈ ၊ ဒီဇင်ဘာလ ၊ ၂၀၁၀ )
Comment #3
(အမှန်တော့…
ပြိုမကျသွားတာက ကောင်းကင်ပါ
ပျောက်ကွယ်သွားတာက တိမ်တိုက်တွေပါ
သြော်…
အခုနက တွေ့ခဲ့တဲ့ ဒီနေရာလေးက
တိမ်တိုက်လေးတွေ
အင်း… နောက်တစ်ခေါက်လှည့်ကြည့်ချိန်မှာ
မရှိတော့ပါလား..)ဒီအပိုဒ်လေးတွေကိုအရမ်းကြိုက်တယ်။တကယ် ကောင်းလည်းကောင်းတယ်။အမြဲတမ်းအားပေးနေမယ်နော်။
By: myintmo at Dec 18, 2010
Comment #4
အားပေးကြတဲ့ ကဗျာချစ်သူများ၊ ကဗျာဆရာများ အားလုံးကို
ကျေးဇူးတင်ရှိသည်
နရီထက်…
By: နရီထက် at Dec 18, 2010
Comment #6
ငါ့စိတ်တွေ…
အဝေးကို ထွက်ပြေးသွားတတ်ကြတယ်
အနီးအနားမှာလည်း ရစ်မူးနေတတ်ကြတယ်
တနေ့ကလို…
လိုချင်တာတွေ ဘာကြောင့်မရခဲ့တာလဲ
ဒီနေ့မှာတော့…
မလိုချင်တာတွေ လက်ခံလိုက်ရသလို
အားပေးသွားပါတယ်အစ်ကို နရီရေ……
By: moehtetaung18 at Dec 18, 2010




Comment #1
ဟုတ်တယ် နရီထက်ရေ… တိမ်တွေအရောင်ပြောင်းသလိုလူတွေလည်းအရောင်ပြောင်းနေကြတယ်ဗျာ။။