Professional Authors

အမှောင်ရဲ့ပြင်ပ – နရီထက်

ကျော်ကြားမှုရဲ့အတွင်းလွှာမှာ
ကျော်ကြားမှုဆိုတဲ့
အမြှေးပါးလေးတွေထပ်ရှိသေးတယ်

သေစေချင်လို့
သတ်ခဲ့ကြတာမဟုတ်…

ငိုစေချင်လို့
ပျက်ခဲ့ကြတာမဟုတ်…

ကယ်တင်ရှင်လည်း
အလူးအလဲ ကျရှုံးဖူးတယ်

ဟန်ဆောင်သူလည်း
အရူးအမူး လုပ်ကြံဖူးတယ်

စိတ္တဇအတွင်းကြေနေသူတစ်သိုက်က
မင်းအနားမှာ…

သွေးကြောလွှာထဲမှာ ပျက်စီးစေဖို့
ပြေးလွှာနေတာက
ဘန်းစကားနှင့်ပြောရရင်…
ကြွက်ကလေး(spy) တွေပါ

အမှောင်ရဲ့ပြင်ပမှာ
အလင်းရှိတယ်လို့ဆိုရင်…
တစ္ဆေသဘက်တွေက
ရိသဲ့သဲ့လောင်ကြလိမ့်မယ်

အမှန်တကယ်က
စိတ်ရိုင်းတွေပါ…။     ။

နရီထက်
( ၂၁ ၊ ဧပြီလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Apr 21, 2011
Comment #1

အားပေးသွားတယ်အကိုကြီးးးးးးးးး

commentinfo By: myintmo at Apr 21, 2011
Comment #2

အမှောင်ရဲ့ပြင်ပမှာ
အလင်းရှိတယ်လို့ဆိုရင်…
တစ္ဆေသဘက်တွေက
ရိသဲ့သဲ့လောင်ကြလိမ့်မယ်

အမှန်တကယ်က
စိတ်ရိုင်းတွေပါ…။ ။

Comment #3

မှန်ပါတယ်… ညီ

commentinfo By: Nayihtet at Jun 16, 2011
Comment #4

ကျော်ကြားမှုရဲ့အတွင်းလွှာမှာ
ကျော်ကြားမှုဆိုတဲ့
အမြှေးပါးလေးတွေထပ်ရှိသေးတယ်

သေစေချင်လို့
သတ်ခဲ့ကြတာမဟုတ်…

ငိုစေချင်လို့
ပျက်ခဲ့ကြတာမဟုတ်…

ကယ်တင်ရှင်လည်း
အလူးအလဲ ကျရှုံးဖူးတယ်

ဟန်ဆောင်သူလည်း
အရူးအမူး လုပ်ကြံဖူးတယ်

စိတ္တဇအတွင်းကြေနေသူတစ်သိုက်က
မင်းအနားမှာ…မင်းအနားမှာ … 🙂

commentinfo By: chityellusoelay at Aug 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment