Professional Authors

တိမ်လိုလို မီးခိုလိုလို – နရီထက်

တလိပ်လိပ်တက်နေတယ်
ချောင်ပိတ်နေတဲ့ ရင်ဘက်တစ်ရာမှာ
လှပတဲ့ တိမ်ရိပ်လေးတွေ
ဆက်ပြီး တစစနှင့်
တိမ်လွှာလေးတစ်ခု ဖြစ်တည်ပေးပါတဲ့

မျက်ရည်ခမ်းသွားမတတ်အောင်
ထုထည်လွှာတွေက ပိတ်မှောင်နေတယ်
တိမ်လွှာတွေ အားတည်ဆဲတဲ့
လှပလာအုန်းမယ်
ဆက်ပြီး သည်းခံပေးပါ

ဖန်ဆင်းလိုက်တဲ့ တိမ်လွှာအတု
အမှန်တကယ်က မီးခိုတအူအူ
လှလို့ကြည့်နေကြတဲ့
အပူမီးထဲ ၀ိုင်းမပါချင်ဘူး
လှပနေအုန်းမယ်
မင်းက မီးခိုလား တိမ်ခိုလား
တိမ်မြူတွေလား. . .

နရီထက်
( ၁၃ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Oct 13, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment