Professional Authors

အချိန်ကျရင် စကားပြောလာလိမ့်မယ် – နရီထက်

အဖြူနှင့် အနက်ကြားမှာ
မီးခိုရောင်ကို ငြင်းခုံကြသေးတာပဲ

ရေနစ်သူကို ကြည့်ပြီး
ရေတိမ်အနက်ကိုစဉ်းစားနေတုန်းမှာပဲ
ရေမကူးတတ်တာကိုလည်း ထည့်တွက်ကြသေးတယ်

ပန်းတွေ ပွင့်လာနိုးနိုးနှင့်
ပျဉ်းမငုတ်တို ကတော့
လေဒဏ်မိုးဒဏ်ကို မခံစားနိုင်ရှာတော့ဘူးလေး

အားဖြည့်အချိုရည်ဆိုလို့
စွဲသောက်ကြည့်နေတာ
အမှန်တကယ်က အရက်နှင့် တွဲသောက်ဖို့အတွက်တဲ့
သွားကြွေလွှာတွေ ပျက်စီးနေတာ မသိလိုက်ရပါလား
ကြာကြာသောက်ခဲ့သေးတယ်

သုတေသီကြားမှာလည်း
အတိုင်းအတာ အကွာအဝေး အယူအဆတွေက
စင်တီမီတာအမျှ ရန်ဖြစ်နေကြတယ်လေး
ထင်မြင်ချက်ကို စကားပြောခွင့် ပေးနေကြတာတဲ့

စွပ်ကျယ်ဂျိုင်းပြတ်နှင့်
အပြင်ကို ထွက်လာခဲ့တယ်
လောကဓံကိုတော့ မမှုခဲ့ဘူး
ဒါပေမဲ့ စားစရာပန်းသီးလေးအဖြစ်နဲ့တော့
လူတိုင်း ခံစားတတ်ဖူးကြတယ်လေး

ငါကို လာမစားပါနဲ့
စားစရာ ပန်းသီးကလေးမဟုတ်ပါ။     ။

နရီထက်
( ၂၁ ၊ မတ်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Mar 21, 2011
Comment #1

ငါကို လာမစားပါနဲ့
စားစရာ ပန်းသီးကလေးမဟုတ်ပါ။ ။
ကိုန၇ီထက် အားပေးသွားတယ်

commentinfo By: genius.jinx28 at Mar 21, 2011
Comment #2

အားပေးသွားတယ်အကိုကြီး
တပုဒ်လုံးကကောင်းတယ်…..

commentinfo By: myintmo at Mar 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment