Professional Authors

စက်ဝိုင်းခြမ်းလေး ဖြည့်ပေးပါ – နရီထက်

ပူလောင်စရာဆိုတာ နာကျင်စရာ မဟုတ်
ကုစားဖေးမလို့ရတယ်
ငိုစရာဆိုတာ ပြသနာရယ် မဟုတ်
ဝိုင်းဖြေရှင်းခွင့်တွေ ရှိတယ်
ပျော်ရွှင်စရာဆိုတာ တစ်ဦးတည်း မူပိုင်မဟုတ်
ဝေမျှပေးဌလို့ ဖြစ်တယ်
အမုန်းဆိုတာ စည်းခြားခွင့် မဟုတ်
တစ်ခါဏအတွင်း အချစ်ဖန်ဆင်း ကြင်နာနိုင်ခွင့် ရှိပြန်တယ်
နောင်တဆိုတာ ချောင်ထိုးခွင့် မဟုတ်
အိမ်မက်တွေကို အသက်သွင်းခွင့် ပေးလိုက်ပါ
ဆင်းရဲခြင်းကို တိုင်းတာမနေနဲ့
အဖြစ်သဘောနဲ့ သင့်စိတ်ကို မြင်အောင်ကြည့်ပါ
ချမ်းသာခွင့်ကို လှောင်ချိုင့်ထဲ သိမ်းထားတော့
သင့်စိတ်ကို နိုင်မှာတဲ့လား
ငြိမ်းချမ်းခြင်းကို စစ်ခင်းမနေနဲ့
အစမ်းသပ်ခံတွေ မဟုတ်ဘူး
အမှန်တစ်ဝက် ငိုစရာတစ်ဝက်
ပျော်စရာတစ်ဝက် အမုန်းတစ်ဝက်
ကြင်နာတစ်ဝက် နောင်တတစ်ဝက်
ဒီစက်ဝိုင်းခြမ်းလေး ဖြည့်ဆက်လိုက်ပါ
မျှတူခံစားကြစို့….။      ။

နရီထက်
( ၂၄ ၊ ဇန်န၀ါရီလ ၊ ၂၀၁၂ )

In: ကဗျာ Posted By: Date: Jan 24, 2012
Comment #1

ပူလောင်စရာဆိုတာ နာကျင်စရာ မဟုတ်
ကုစားဖေးမလို့ရတယ်
ငိုစရာဆိုတာ ပြသနာရယ် မဟုတ်
ဝိုင်းဖြေရှင်းခွင့်တွေ ရှိတယ်
ပျော်ရွှင်စရာဆိုတာ တစ်ဦးတည်း မူပိုင်မဟုတ်
ဝေမျှပေးဌလို့ ဖြစ်တယ်
အမုန်းဆိုတာ စည်းခြားခွင့် မဟုတ်
တစ်ခါဏအတွင်း အချစ်ဖန်ဆင်း ကြင်နာနိုင်ခွင့် ရှိပြန်တယ်
နောင်တဆိုတာ ချောင်ထိုးခွင့် မဟုတ်
အိမ်မက်တွေကို အသက်သွင်းခွင့် ပေးလိုက်ပါ
ဆင်းရဲခြင်းကို တိုင်းတာမနေနဲ့
အဖြစ်သဘောနဲ့ သင့်စိတ်ကို မြင်အောင်ကြည့်ပါ
ချမ်းသာခွင့်ကို လှောင်ချိုင့်ထဲ သိမ်းထားတော့
သင့်စိတ်ကို နိုင်မှာတဲ့လား
ငြိမ်းချမ်းခြင်းကို စစ်ခင်းမနေနဲ့
အစမ်းသပ်ခံတွေ မဟုတ်ဘူး
အမှန်တစ်ဝက် ငိုစရာတစ်ဝက်
ပျော်စရာတစ်ဝက် အမုန်းတစ်ဝက်
ကြင်နာတစ်ဝက် နောင်တတစ်ဝက်
ဒီစက်ဝိုင်းခြမ်းလေး ဖြည့်ဆက်လိုက်ပါ
မျှတူခံစားကြစို့….။ ။ကဗျာ လေးမိုက်တယ်ဗျာ အစကနေ အဆုံးထိကြိုက်တယ် အားပေးသွားတယ်နော်။

commentinfo By: thuya at Jan 24, 2012
Comment #2

ပူလောင်စရာဆိုတာ နာကျင်စရာ မဟုတ်
ကုစားဖေးမလို့ရတယ်
ငိုစရာဆိုတာ ပြသနာရယ် မဟုတ်
ဝိုင်းဖြေရှင်းခွင့်တွေ ရှိတယ်
ပျော်ရွှင်စရာဆိုတာ တစ်ဦးတည်း မူပိုင်မဟုတ်
ဝေမျှပေးဌလို့ ဖြစ်တယ်
အမုန်းဆိုတာ စည်းခြားခွင့် မဟုတ်
တစ်ခါဏအတွင်း အချစ်ဖန်ဆင်း ကြင်နာနိုင်ခွင့် ရှိပြန်တယ်

commentinfo By: May Kha at Jan 24, 2012
Comment #3

အားပါး……..ဟုတ်လိုက်လေဗျာ
စက်ဝိုင်းခြမ်းလေး ဖြည့်လိုက်ကြစို……..ကျွန်တော်တို့တွေ အတူတူ……….

commentinfo By: sitayenyein at Jan 24, 2012
Comment #4

ကဗျာလေးအရမ်းဖတ်လို့ကောင်းတယ်…

အားပေးသွားတယ်နော် ……

commentinfo By: harris at Jan 25, 2012
Comment #5

အတွေးရော…အရေးပါကောင်းတယ်..
ကျွန်တော် အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jan 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment