Professional Authors

ရိုးသားစွာနှင့်… – နရီထက်

ရိုးသားစွာနှင့် ၀န်ခံပါရစေ…
ငါ့အား သည်းခံစိတ်မွေးစမ်းပါတယ်လေး
အမှန်တကယ်က အဖြောင့်သပ်သပ် သစ်တစ်ပင်အား
အမြစ်ကနေ လှန်လှဲနေ၏

ရိုးသားစွာနှင့် ၀န်ခံပါရစေ…
အပြုံးတွေ ပြစမ်းပါတဲ့
အမုန်းတွေကို ငါ ဥပက္ခာပြုခဲ့တာ ကြာပြီး သိလား
အချစ်တွေ တပုံကြီး ပေးနေတာတောင်
တစ်ချက်ကလေး မဲ့ထေမိရင်
တောရိုင်းတစ်ကောင်လို့ ထင်မှတ်၏

ရိုးသားစွာနှင့် ၀န်ခံပါရစေ…
နင်တို့ နေချင်အတိုင်း ငါနေ၏
အရောင်တွေ ဖိတ်ကျလာတော့
ငါအတော်ဆုံးဖြစ်ခဲ့လို့လား
စေတနာပို၏
ရိုင်းပင်းမှုက အရိုးခံဖြစ်တော့
ငါက ထမင်းကြမ်းကို ယပ်ခတ်ခံ
နာမည်ကြီးမင်းသားလေးဖြစ်ခဲ့၏

ရိုးသားစွာနှင့် ၀န်ခံပါရစေ…
နင်တို့က ငါ့ဘ၀ကို နားလည်မလိုနှင့်
ဟားတိုက်ခဲ့တယ်
စာနာမလိုနှင့်
ပြစ်ပစ်ခဲ့တယ်
ထောက်ထားမလိုနှင့်
ထောင့်ချိုးတယ်
အဆုံးသတ်မှာတော့
အဝေးဆုံးကို နှင်၏

ရိုးသားစွာနှင့် ၀န်ခံပါရစေ..
ကြင်နာတရား လိုချင်ထားမှု
သည်လူသားအား …
ပြစ်ရှာမှု မဆန်းပါလေး
ချစ်ခင်မှုကို လိုလားတောင့်တ
သည်လူသားအား
နှိပ်စက်ပြုမှု ရက်စက်တတ်တာ
နည်းကျပါ၏

ရိုးသားစွာနှင့် ၀န်ခံပါရစေ
ဂရုစိုက်မှု ဝေးကွာလွန်းတော့
တောင်းတမိတဲ့
ငါအား ရှက်ကွဲစေဖန်
သူတောင်းစားအသွင် ဖန်ဆင်း၏
သံယောဇဉ်အား တွဲဖက်ရစ်ပတ်
ငါအား ဟားတိုက်ရယ်မော
လောင်မြိုက်စေ၏

ရိုးသားစွာနှင့် ၀န်ခံပါရစေ…
သီအိုရီထား နိယာမအား
ငါသည် အမှန် ကိုးကွယ်သည်
တစ်ကြိမ်တစ်ဖန် တန့်ပြန်မှုက
သက်ထားစေရောက် …
အဝေးက လူ…
ငါအား ကူညီမည်

ရိုးသားစွာနှင့် ၀န်ခံပါရစေ..
ငါသည် နင်တို့အား
တစ်သက်စေထား
အပြစ်မမြင်ပါ၏… ။      ။

နရီထက်
( ၂၃ ၊ ဂျူလိုင်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jul 23, 2011
Comment #1

ရိုးသားစွာနှင့် ၀န်ခံပါရစေ…
နင်တို့က ငါ့ဘ၀ကို နားလည်မလိုနှင့်
ဟားတိုက်ခဲ့တယ်
စာနာမလိုနှင့်
ပြစ်ပစ်ခဲ့တယ်
ထောက်ထားမလိုနှင့်
ထောင့်ချိုးတယ်
အဆုံးသတ်မှာတော့
အဝေးဆုံးကို နှင်၏
………………
ကိုနရီထက်……တကယ်ကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Jul 23, 2011
Comment #2

ကောင်းတယ်

commentinfo By: HEROSMITH at Jul 23, 2011
Comment #3

ကောင်းတယ်အကိုကြီး..တပုဒ်လုံးကောင်းတယ်..
အားပေးသွားတယ်

commentinfo By: myintmo at Jul 23, 2011
Comment #4

ရိုးသားစွာနှင့် ၀န်ခံပါရစေ..အစကနေအဆုံးထိ ကြိုက်တယ်။ကောင်းတယ် ကိုကြိး ဒိကဗျာ လေးဖတ်လိုက်ရတော့ စိတ်ထဲမှာ ရှင်းသွားတယ် ။စိတ်ထဲက အရှတ်အထွေး ပျောက်သွားသလို ပေါ့ သွားတယ်ကိုကြိး။ကောင်းလည်းကောင်းတယ် ကြိုက်လည်းကြိုက်တယ်။

commentinfo By: thuya at Jul 23, 2011
Comment #5

အားပေးဖတ်ရှုကြတဲ့ ကဗျာ့ချစ်သူများအားလုံးကို ကျေးဇူးအထူးတင်ရှိသည်။

commentinfo By: Nayihtet at Jul 28, 2011
Comment #6

၇ိုးသားစွာနဲ့ ၀န်ခံပါရစေ……………………
ရိုးသားစွာနှင့် ကွန်မန့်ပေးခဲ့ပါသည်။

commentinfo By: စောရယ် at Jul 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment