Professional Authors

ဆု – နရီထက်

တပ်မက်ခြင်းတွေနှင့်
စိတ်ထဲမှာ ကိန်းအောင်းဝပ်ထွားနေတယ်
ဆု…
လှမ်းယူဖို့ စင်မြင့်ထက်ကို လှမ်းတက်ခဲ့တယ်

လက်ခုပ်သံ မိုးလောက်ထိကြားမှာ
ရင်ခုန်သံတွေ စက္ကန့်မခြားသည်တိုင်…
ရပ်တန့်နေခဲ့တယ်
ခုန်မြည်နေခဲ့တယ်…

ဆု ကြောင့်လည်း ရူးခဲ့ကြတယ်
လွယ်ခဲ့ကြတဲ့သူတွေလည်း များခဲ့ကြတယ်

နှစ်သက်သူကို အရွေးခံတဲ့ ပွဲလား
ချုပ်တည်းမှုကို ဘောင်ထဲသွင်းတဲ့ ပန်းချီကားလား

လျှောက်ခဲ့ရတဲ့ လမ်းတွေမှာတော့
ဆု တွေက အိပ်ပျော်နေခဲ့တယ်
တစ်ခါတစ်ခါ ချွေးစက်တွေကြားမှာ
ဆု ကို လွှတ်ပစ်ခဲ့ချင်တယ်

လက်ရှိအချိန်ကို သတ်မှတ်ပစ်ရွယ်တဲ့
ဆု…
မရှိပေမဲ့…
အတိတ်က အရိပ်တွေကိုပဲ
ခဏတာ ပုံနှိပ်နေကြတာပါ…

အမြဲတမ်း မမှားနိုင်တဲ့ မင်း
အမြဲတမ်း မမှန်နိုင်တဲ့ ငါ တို့ကြားမှာ
ဆု… ဆိုတာ
အက်ကွဲကြေမွဲနေတဲ့ မှန်တစ်ချပ်ပါ…။    ။

နရီထက်
( ၂၅ ၊ ဧပြီလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Apr 25, 2011
Comment #1

ဒိကဗျာ ကတောတပှဒ်လုံးကြိုက်တယ် ဒါမဲ ဒိစာသားလေးတွေ ကိုပိုကြိုက်တယ်တပ်မက်ခြင်းတွေနှင့်
စိတ်ထဲမှာ ကိန်းအောင်းဝပ်ထွားနေတယ်
ဆု…
လှမ်းယူဖို့ စင်မြင့်ထက်ကို လှမ်းတက်ခဲ့တယ် ဆု ကြောင့်လည်း ရူးခဲ့ကြတယ်
လွယ်ခဲ့ကြတဲ့သူတွေလည်း များခဲ့ကြတယ်

နှစ်သက်သူကို အရွေးခံတဲ့ ပွဲလား
ချုပ်တည်းမှုကို ဘောင်ထဲသွင်းတဲ့ ပန်းချီကားလား တစ်ခါတစ်ခါ ချွေးစက်တွေကြားမှာ
ဆု ကို လွှတ်ပစ်ခဲ့ချင်တယ်အမြဲတမ်း မမှားနိုင်တဲ့ မင်း
အမြဲတမ်း မမှန်နိုင်တဲ့ ငါ တို့ကြားမှာ
ဆု… ဆိုတာ
အက်ကွဲကြေမွဲနေတဲ့ မှန်တစ်ချပ်ပါ…။ ။ အဲစာသားလေးတွေ ဆို အရေအသားကော ခံစားချက် ကော ကောင်းတယ် ကြိုက်တယ် ကိုကြိး လောက တကယ်ဖြစ်နေတာကို ရေထားတာ ကြိုက်တယ် လေးလဲ လေးစားတယ် ကိုကြိး

commentinfo By: thu ya at Apr 25, 2011
Comment #2

အားပေးသွားတယ်အကိုကြီး..အရမ်းကောင်းပါတယ်…………………:)

commentinfo By: myintmo at Apr 25, 2011
Comment #3

ညီမလေး နှင့် ညီလေး တို့ကို ကျေးဇူးတင်သည်။

commentinfo By: nayihtet at Apr 27, 2011
Comment #4

လက်ရှိအချိန်ကို သတ်မှတ်ပစ်ရွယ်တဲ့
ဆု…
မရှိပေမဲ့…
အတိတ်က အရိပ်တွေကိုပဲ
ခဏတာ ပုံနှိပ်နေကြတာပါ…

အမြဲတမ်း မမှားနိုင်တဲ့ မင်း
အမြဲတမ်း မမှန်နိုင်တဲ့ ငါ တို့ကြားမှာ
ဆု… ဆိုတာ
အက်ကွဲကြေမွဲနေတဲ့ မှန်တစ်ချပ်ပါ…။ ။

Comment #5

အရာရာဟာ.. အပြုသဘော ဆောင်တတ်ရင် ကောင်းမှာပဲ….. ငါ့ညီ

commentinfo By: Nayihtet at Jun 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment