Professional Authors

ပုံပြင်များကို ဆက်သသူ – နရီထက်

တိမ်လွှာများ ထွက်မပြေးခင်လေးမှာ
အရောင်တွေ အမျိုးမျိုးဆိုးလို့
တိတ်တိတ်လေး နေခိုင်းချင်တယ်

ကြယ်တွေကို ကြိုးတပ်လို့
ဝေဟင်ကြားမှာ အချင်းချင်း
ဗိုလ်လု တိုက်ဖြတ်ခဲ့ချင်တယ်

လမင်းက အလင်းတမာန်ဆို
အမှောင်တွေကြားမှာ ထားခိုင်းစေချင်တယ်

လောကကြီးက သစ်ပင်ပန်းမန်တွေနှင့်
အရောင်စိုနေတာဆိုရင်…
ဘောင်ကွပ်ကာ ကမ္ဘာကျော်ပန်းချီကားတစ်ကားဖြစ်ခဲ့စေချင်တယ်

ငါ လျှောက်လာခဲ့ လမ်းတစ်ကွေ့
ငါ့ကိုယ်မှာ ရွှံ့ဗွက်တွေပေကျံနေလို့
လက်ကမ်းကြေငြာတစ်စောင်လောက်တော့ ဖြစ်ခွင့်ရှိချင်တယ်။   ။

နရီထက်
( ၁၉ ၊ ဖေဖေါ်ဝါရီလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Feb 19, 2011
Comment #1

လောကကြီးက သစ်ပင်ပန်းမန်တွေနှင့်
အရောင်စိုနေတာဆိုရင်…
ဘောင်ကွပ်ကာ ကမ္ဘာကျော်ပန်းချီကားတစ်ကားဖြစ်ခဲ့စေချင်တယ်…………………

commentinfo By: May Kha at Feb 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment