Professional Authors

အချိန်ပို – နရီထက်

ရှိ ခဲ့ချိန်တွေ ကျန်ချင်သေးလို့
မသိ စိတ်တွေက
ဝေနေသေးတော့…
ခဏလေးနော်လို့
လက်ယက်ပြခဲ့သေးတယ်

အခု ဝေးရတော့မှ
ယခု လွမ်းဆွေးမှုကို
စုဗူး ပြုလို့
ထုပ်ပိုးလိုက်ပြီး…

ထိုင်ငိုလာတာက မျက်ရည်
ကျချင်ခဲ့တာက သွေးစက်တွေ
ရိုးရိုးတမ်းကြည့်တော့
အတိတ်ကို ပြန်အမ်းထုတ်တာ

အရိပ်က နေနေစဲမို့
တစ်ခါတစ်ရံမှာ ငါ့ဘေးနား
မရှိတဲ့နင် ရောက်လာသလိုပဲ…
နေနေ ပေးပါလို့
ပြောနေချိန်မှာလည်း
နင့်အရိပ်တွေ တစ်ချက်ချက်…
ကွယ်ပျောက်သွားတယ်

ငါ့ဦးနှောက်ကို
မီးပူ အတိုက်မခံချင်ပေမဲ့…
ရံဖန်ရံခါ ဆိုသလိုပဲ
ငါ့ခေါင်းထဲကို ရေထည့်ပေးကြတယ်
နင် အဝေးမှာ နေနေစဲတဲ့…

ခေါက်ရိုးထူနေတဲ့
ပုံစံဘ၀ကြီးက…
ခဏခဏ မေ့တတ်နေကြတယ်
နင် ပြန်လာမဲ့ချိန်ကို …
ငါ သိချင်နေတယ်။     ။

နရီထက်
( ၂၃ ၊ ဧပြီလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Apr 23, 2011
Comment #1

ငါ့ဦးနှောက်ကို
မီးပူ အတိုက်မခံချင်ပေမဲ့…
ရံဖန်ရံခါ ဆိုသလိုပဲ
ငါ့ခေါင်းထဲကို ရေထည့်ပေးကြတယ်
နင် အဝေးမှာ နေနေစဲတဲ့…

အဲဒီ အသိ က….ပြန် တွေးမိရင် ….တော် တော် ခံ စားရ တယ်ဗျာ

commentinfo By: Demon 13 at Apr 23, 2011
Comment #2

(အရိပ်က နေနေစဲမို့
တစ်ခါတစ်ရံမှာ ငါ့ဘေးနား
မရှိတဲ့နင် ရောက်လာသလိုပဲ…
နေနေ ပေးပါလို့
ပြောနေချိန်မှာလည်း
နင့်အရိပ်တွေ တစ်ချက်ချက်…
ကွယ်ပျောက်သွားတယ်)…………..:'(

(ငါ့ဦးနှောက်ကို
မီးပူ အတိုက်မခံချင်ပေမဲ့…
ရံဖန်ရံခါ ဆိုသလိုပဲ
ငါ့ခေါင်းထဲကို ရေထည့်ပေးကြတယ်
နင် အဝေးမှာ နေနေစဲတဲ့…) :'( :'(
အရမ်းကောင်းတယ်အကိုကြီး……….:'(

commentinfo By: myintmo at Apr 23, 2011
Comment #3

အရိပ်က နေနေစဲမို့
တစ်ခါတစ်ရံမှာ ငါ့ဘေးနား
မရှိတဲ့နင် ရောက်လာသလိုပဲ…
နေနေ ပေးပါလို့
ပြောနေချိန်မှာလည်း
နင့်အရိပ်တွေ တစ်ချက်ချက်…
ကွယ်ပျောက်သွားတယ်…………. ( ဟုတ်တယ်နော်…………….. )

commentinfo By: May Kha at Apr 24, 2011
Comment #4

အခု ဝေးရတော့မှ
ယခု လွမ်းဆွေးမှုကို
စုဗူး ပြုလို့
ထုပ်ပိုးလိုက်ပြီး…

ထိုင်ငိုလာတာက မျက်ရည်
ကျချင်ခဲ့တာက သွေးစက်တွေ
ရိုးရိုးတမ်းကြည့်တော့
အတိတ်ကို ပြန်အမ်းထုတ်
အရိပ်က နေနေစဲမို့
တစ်ခါတစ်ရံမှာ ငါ့ဘေးနား
မရှိတဲ့နင် ရောက်လာသလိုပဲ…
နေနေ ပေးပါလို့
ပြောနေချိန်မှာလည်း
နင့်အရိပ်တွေ တစ်ချက်ချက်…
ကွယ်ပျောက်သွားတယ် အဲ စာသားလေးတွေ ကြိုက်တယ် ကြိုက်တာထက် ရင်ထဲလထိတယ် အဆွေးဓါတ်ခံရှိတယ်လူတွေဆိုထိုင်ငို သွားလိမ့် မယ် ကိုကြိး ဒိထက် ကဗျာ ကောင်းတွေဆက်ရေးနှိင်ပါစေ ကိုကြိး

commentinfo By: thu ya at Apr 25, 2011
Comment #5

ခေါက်ရိုးထူနေတဲ့
ပုံစံဘ၀ကြီးက…
ခဏခဏ မေ့တတ်နေကြတယ်
နင် ပြန်လာမဲ့ချိန်ကို …
ငါ သိချင်နေတယ်။ ။

Comment #6

တစ်ခါတစ်လေကျရင်… အစ်ကိုကြီးတို့ အမေ့ခံဘ၀ထဲ ရောက်တတ်သွားကြတယ်…

commentinfo By: Nayihtet at Jun 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment