Professional Authors

၉၉.၉ ရာခိုင်နှုန်းအလွန် – နရီထက်

အမိုက်စား မဆန်ပေမဲ့
အလွှာတွေ ခွာသုံးခဲ့တယ်
ပျော်စေချင်တာ ငါ့ဥာဏ်နက်ပါ

ကြေးစား မဆန်ပေမဲ့
အသပြာကို ထည့်မတွက်ခဲ့ဘူး
အလိမ်အညာကြားမှ မနစ်မွန်းခဲ့ဘူး
နင်တို့တွေ သင့်မြတ်နေတာ ငါ မြင်ချင်တယ်

မုသားတွေ ခြေလျှောလှဲတောင်
အလိုက်သင့် ထိုင်မနေချင်ဘူး
နာသွားတဲ့ အနာ အသာအယာဖုံးလို့
နင်တို့တွေ ပြုံးနေတာ ငါ အကြိုက်ဆုံးပါ

အဖြူရောင်ကြားမှာ…
အဆင့်သတ်မှတ်ချက် ရှိနေခဲ့ရင်
အဆင့်တစ်လောက်တော့ ရချင်တယ်
အဖြူ အပြာ ကြည်တာ လှမယ်ဆိုရင်
မုသားတွေကို လိမ္မာအောင် ချော့ပြောလို့
ငါကိုယ်ငါ လှည့်စား ခံလိုက်မယ်
နင်တို့တွေ နေကောင်းစေချင်တယ်

အလိမ်တွေ ပေါ်ခဲ့ရင်…
ငါ နင်တို့ရှေ့မှာ ထွက်ရပ်လို့
ငါ့ ရင်တွင်းဖြစ်တွေကို ရှင်းပြမယ်
မမက်သော ဥစ္စာ
မလိုသော အဆောင်
မ၀ယ်ချင်သော အမုန်း
မပြန့်ချင်သော အငြိုးတရားတွေကြားမှာ
နင်တို့တွေကို ငါ လက်ပိုက်ကြည့်မနေနိုင်ဘူး

ဖြူပြာ ကြည်တာ လှတယ်ဆိုရင်
ပလီပလာ အကြည်အသာနှင့်
မုသားဖြူဖြူပြာပြာတွေကို
ငါ အာဂုံဆောင်လို့….
ဒီကမ္ဘာကြီးမှာ …..
နင်တို့တွေ လှအောင် ငါ လုပ်ပေးချင်တယ်။    ။

နရီိထက်
( ၁၄ ၊ ဇွန်လ ၊ ၂၀၁၁ )

( တစ်ခါတစ်လေ… အမှန်ကို ကိုးကွယ်မိချင်တယ်… ကျောင်းသားဘ၀တုန်းကဆိုရင် ကိုယ်မှန်တယ်လို့ထင်ရင် ထင်တိုင် ကြဲချင်တယ်… သစ်ပင်တောင် ဖြောင့်ရင် တက်ရခက်တယ်လေ… မုသားမပါ လကာင်္မချောလို့ ပြောခဲ့တယ်… ကိုယ်အတွက်တော့ မဟုတ်ဘူးထင်တယ်… အများတကာ စိတ်ချမ်းသာဖို့… ပျော်ရွှင်ချင်ဖို့အတွက် အသုံးချခိုင်းတာပါ…. အဖြူရောင်တွေကြားမှာ အဆင့်သတ်မှတ်ချက်ရှိနေခဲ့ရင်… ကျွန်တော်ကတော့ ၁၀၀ ရာခိုင်နှုန်း မရခဲ့ရင်တောင် ၉၉.—- ရာခိုင်နှုန်း အလွန် ရောက်ချင်တယ်… ကိုယ်အတွက် အနာတရ ဖြစ်ခဲ့ရင်တောင် အများတကာ စိတ်ချမ်းသာမယ်ဆိုရင် မုသားဖြူဖြူပြာပြာ တွေကို ဝေေ၀ဆာဆာ သုံးခွင့် ရှိစေချင်တယ်…. မနစ်မွန်းစေချင်တဲ့ အဆောင်အယောင်တွေကြားမှာပေါ့….

In: ကဗျာ Posted By: Date: Jun 14, 2011
Comment #1

ဒိကဗျာလေးက တမျိုးပဲ ။မိုက်တယ်ပိးတော ဒိစားသားလေးလဲ သဘောကျတယ် ….သစ်ပင်တောင် ဖြောင့်ရင် တက်ရခက်တယ်လေ… မုသားမပါ လကာင်္မချောလို့ ပြောခဲ့တယ်… ကိုယ်အတွက်တော့ မဟုတ်ဘူးထင်တယ်… အများတကာ စိတ်ချမ်းသာဖို့… ပျော်ရွှင်ချင်ဖို့အတွက် အသုံးချခိုင်းတာပါ…ဒိအပှဒ်လေးလဲ ကြိုက်တယ်..မုသားတွေ ခြေလျှောလှဲတောင်
အလိုက်သင့် ထိုင်မနေချင်ဘူး
နာသွားတဲ့ အနာ အသာအယာဖုံးလို့
နင်တို့တွေ ပြုံးနေတာ ငါ အကြိုက်ဆုံးပါ တဲ့ ကောင်းတယ် ဆက်အားပေးနေမယ်နော် .အများကြိးရေးနှိင်ပါစေ ကိုကြိး။

commentinfo By: thuya at Jun 14, 2011
Comment #2

ကျေးဇူးပါ… ချစ်ညီလေး သူရ…

commentinfo By: Nayihtet at Jun 14, 2011
Comment #3

အရမ်းကိုကောင်းပါတယ်အကိုကြီး….ခံစားချက်လေးတွေအရမ်းကိုကောင်းနေတယ်နော်
အားပေးသွားတယ်အကိုကြီးးးးးးးးးး

commentinfo By: myintmo at Jun 15, 2011
Comment #4

ဖြူပြာ ကြည်တာ လှတယ်ဆိုရင်
ပလီပလာ အကြည်အသာနှင့်
မုသားဖြူဖြူပြာပြာတွေကို
ငါ အာဂုံဆောင်လို့….
ဒီကမ္ဘာကြီးမှာ …..
နင်တို့တွေ လှအောင် ငါ လုပ်ပေးချင်တယ်။ ။
အားပေးသွားပါတယ် ကို နရီထက်.။

Comment #5

ကျေးဇူးပါ… ညီမငယ် … မြင့်မိုရ်

commentinfo By: Nayihtet at Jun 15, 2011
Comment #6

ကျေးဇူးပါ… ညီလေး … ဇော်သက်ဦး

commentinfo By: Nayihtet at Jun 15, 2011
Comment #7

ကဗျာလေးက အရမ်းကောင်းတယ် အစ်ကိုရေ….
ဆန်းလည်းဆန်းတယ်….
အားပေးပါတယ်…။ ။

commentinfo By: ကေသရီ at Jun 15, 2011
Comment #8

Thank you ပါ… ကေသရီ….

commentinfo By: Nayihtet at Jun 15, 2011
Comment #9

ဘေတာကြီးဘယ်လိုရှားဖွေးပြီးစုစောင်ထားတာလဲတော်တော်ကိုကောင်းတဲ့ကဗျာစာတာလေတွေဘဲ
ဘေတာကြီး

commentinfo By: u yaenaing at Jun 16, 2011
Comment #10

ခံစားချက်တွေကို… ထုတ်ရောင်းခွင့် မရှိပေမဲ့… ပြသခွင့်တော့ ရှိပါတယ်… ဦးလေးကြီး

commentinfo By: Nayihtet at Jun 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment