Professional Authors

အိမ်မက်ဟောင်း – နရီထက်

တစ်ခါတစ်ခါ…
အခန်းဆက် ဇာတ်လမ်းဖြစ်ခဲ့သလို
တစ်ခါတစ်လေမှာတော့…
ဇာတ်လမ်းတိုလေး တစ်ပုဒ်ဆင်ခဲ့တယ်

တစ်ခါတစ်ခါ…
အချိန်ကို ငဲ့ကွက် တင်စားသလို့
ရံဖန်ရံခါမှာလည်း
ပရိသတ်မရှိတာကို နေရာ အပြစ်တင်ခဲ့တယ်

တစ်ခါတစ်လေကျတော့လည်း…
ဒါရိုက်တာ အပြစ်ပေါ့

မကြာမကြာ ဆိုသလိုပဲ…
မင်းသားမင်းသမီးတွေက
အကျိုးအပဲ့တွေ…
အဲဒီကြားထဲ ငါက
ပိန်းတွေကြား…
ဌက်ပျောပင် မင်းမူပေါ့

ခြံမလုံပေမဲ့…
ရွာသူကြီးကိုပဲ..
အပြစ်တင်မိတယ်…

ဒါပေမဲ့လည်း….
အိမ်မက်ဟောင်းလေးထဲမှာ
သူကြီးသေနတ်က
ပစ်တိုင် ထိပေါ့…။      ။

နရီထက်
( ၂၆ ၊ ဧပြီလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Apr 26, 2011
Comment #1

ဒါပေမဲ့လည်း….
အိမ်မက်ဟောင်းလေးထဲမှာ
သူကြီးသေနတ်က
ပစ်တိုင် ထိပေါ့…။ ။

Comment #2

ဟားဟား… ဖြစ်တတ်ပါတယ်… ညီ

commentinfo By: Nayihtet at Jun 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment