Professional Authors

ဘ၀လွယ်အိတ်ထဲက ရောင်းစားမခံနိုင်တဲ့ မာနတစ်ခု – နရီထက်

၁- မတည်မြဲတဲ့ ဘ၀တွေကြားမှာ
    လူတွေက ကျားကုတ်ကျားခဲနှင့်
    တွယ်မြစ်ခက်တွယ်ပြီး
    ဘ၀တွေကို အမြတ်တနိုး သိမ်းထားတတ်ကြတယ်…

၂- ပါးစပ်အပြောများတဲ့ပုံပြင်သစ်ရာဇ၀င်ထဲမှာ
    လူတွေက ပုံပြင်ပြောနေသူအဖြစ်နှင့်ရော
    ပုံပြင်နားဆင်နေသူတစ်ယောက်အနေနှင့်ရော
    ပါဝင်ပတ်သက်ခွင့်တွေကို
    ရောင်းဝယ်မွေးဖွားခဲ့ကြတယ်…

၃- ရှေးလူကြီးသူမတွေက ပြောခဲ့ကြတယ်
    ကြာရင် အရာအားလုံးက မေ့လျော့သွားတတ်ကြတယ်
    အချိန်ဆိုတာ အကောင်းဆုံးသမားတော်တော်လို့
   သတ်မှတ်အမွှန်းတင်ကြပြန်တယ်…

၎- ဖြူစင်တဲ့သံယောဇဉ်တစ်ခုကို
    အရောင်တင်ဆေးချယ်ဖို့
   လူတွေက အမြဲကြိုးစားနေကြတယ်
   ပွန်းပဲ့တတ်တဲ့နှလုံးသားအမည်းစက်တွေကြားမှာ
   စကားအဆိပ်သင့်ခဲ့ကြတာပါ…

၅- စိတ်ပိုင်းဆိုင်ရာတွေကို
    တန်ဘိုးမထားတတ်ကြတော့
    သူလိုကိုယ်လို လူတွေကြားမှာ
    ဂုဏ်သိက္ခာဆိုတာ
    အရောင်းလှကြေငြာတစ်ခုအဖြစ်နှင့်
    မြင်တတ်လာကြတယ်…

၆- မပိုင်နိုင်သေးတဲ့ ခြေလှမ်းတွေကြားမှာ
    အရိပ်တစ်ခုကို ၀ယ်ယူခွင့်ရဖို့
    သတ်မှတ်ဈေးနှုန်းတွေကို
    တွက်ချက်နေရင်းနှင့်
    ဘ၀မာယာမြစ်တစ်ကွေ့စာမှာ
    ဖြတ်သန်းနေကြလျက်ပါ…။     ။

နရီထက်
( ၀၉ ၊ မတ်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Mar 9, 2011
Comment #1

(မတည်မြဲတဲ့ ဘ၀တွေကြားမှာ
လူတွေက ကျားကုတ်ကျားခဲနှင့်
တွယ်မြစ်ခက်တွယ်ပြီး
ဘ၀တွေကို အမြတ်တနိုး သိမ်းထားတတ်ကြတယ်…)အဲ့အပိုဒ်လေးကိုကြိုက်တယ်။ပြီတော့
(ရှေးလူကြီးသူမတွေက ပြောခဲ့ကြတယ်
ကြာရင် အရာအားလုံးက မေ့လျော့သွားတတ်ကြတယ်
အချိန်ဆိုတာ အကောင်းဆုံးသမားတော်တော်)…..အရမ်းမှန်တာဘဲအကိုကြီးရယ်
အရမ်းကောင်းတယ်။အမြဲလည်းအားပေးနေမယ်နော်

commentinfo By: myintmo at Mar 9, 2011
Comment #2

၅နဲ.၆အပိုဒ်ကိုကြိုက်တယ်အားပေးသွားတယ်နော်

commentinfo By: sawmyawadi at Mar 10, 2011
Comment #3

I will encourage you always…………….

commentinfo By: war war at Jan 25, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment