Professional Authors

ရာသက်ပန်အကျဉ်းသား

ငါဟာမင်းရဲ့ ရာသက်ပန်
အကျဉ်းသားပါချစ်သူ
မင်းလုပ်ခဲ့တာမဟုတ်ပေမယ့်
ငါရင်ထဲက ကျူးလွန်သွားခဲ့တာ
မတားဆီးနိုင်လိုက်တဲ့
ငါ့အချစ်တွေ
ငါ့ဘဝငါ့အချစ်ငါ့အဖြစ်နဲ့ငါပါ။

ဒါပေမယ့်ချစ်သူ
ဒီအတွက်နဲ့တော့ ငါကို
နှစ်သိမ့်စရာမလိုဘူး
သနားစရာမလိုဘူး
မင်းအချစ်တွေသာငါလိုချင်ခဲ့တာပါ။

မင်းရက်စက်ခဲ့တာမဟုတ်ဘူး
မင်းမချစ်တတ်တာမဟုတ်ဘူး
ငါနောက်ကျခဲ့တာ
မင်းရဲ့နှလုံးသာကို
ဒါဟာ ငါရဲ့ ကံကြမ္မာပါ။

ဒီအတွက်နဲ့များ
မင်းထွက်သွားသလားကွာ
အကျဉ်းသားဘဝက
လွှတ်မြှောက်မယ်တဲ့လား
ငါ့နှလုံးသားက ငါ့ကို
ထိတ်တုန်းခတ်ထားပြီးပြီ
မလွှတ်မြှောက်တော့ဘူး
ဒါဟာ ဒီဘဝ ဒီအမျှအတွက်
ရာသက်ပန်ပေါ့ …..

In: ကဗျာ Posted By: Date: Feb 1, 2011
Comment #1

me too.
😛

commentinfo By: ei lay at Nov 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment