Professional Authors

အကျဉ်းသား

ကိုယ့်လှေကို ကိုယ်မထိုးပဲခူးရောက်ခဲ့ရပြီ

ငါ့မြင်းကို ငါမစိုင်းရဘဲ စစ်ကိုင်းမြို့လည်းဝင်ခဲ့ရတယ်။ ။

 

ပျောက်ရှမှုတွေကြားမှာ နစ်မွန်းရင်း… လိုက်ရှာရင်း

မြုပ်ချီတခါ ပေါ်ချီတလှည့်နဲ့

ပြန်တွေ့လိုက်ရတဲ့ “ငါ” ကို

တန်ဖိုးထားဖက်တွယ်လို့

ကိုယ့်တရားကိုယ်စီရင်

ကိုယ့်ကြမ္မာကိုယ်ဖန်တီး

ကိုယ့်အကျဉ်းကိုယ့်ဟာကိုယ်ချ

ကိုယ့်ကိုယ်ကိုယ် သော့ခတ်ပြီး

အနေကောင်းလိုက်တာ

 

ဒီတစ်သက် “ချစ်သူ” ဆိုတဲ့အသုံအနှုန်းကို

ငါလေ……………. သုံးနှုန်းခွင့်ရနိုင်ပါဦးမလား ?

 

နှင်းဆီနက် (15th August 2011-2:29am)

In: ကဗျာ Posted By: Date: Sep 14, 2011
Comment #1

ဒီတစ်သက် “ချစ်သူ” ဆိုတဲ့အသုံအနှုန်းကို

ငါလေ……………. သုံးနှုန်းခွင့်ရနိုင်ပါဦးမလား ?

သုံးလို့ရပါတယ်
ဘယ်သူမှတရားမစွဲပါဘူး
ရဲရဲဝံ၀ံသုံးလို့ရပါတယ်
အားမငယ်ပါနဲ့

အားပေးသွားပါတယ်

commentinfo By: virus at Sep 14, 2011
Comment #2

he,,he,,,
hote pa,
i agree with virus.

commentinfo By: ei lay at Nov 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment