Professional Authors

အချစ်ယုံကြည်ချက်အကျဉ်းသား

သတိရလို့တမ်းတမိတာ
အပြစ်လားမေ။
လူပျိုတစ်ယောက်က
အပျိုတစ်ယောက်ကို
ချစ်လို့ချစ်တယ်ပြောတာ
အပြစ်လားမေ။
ဒီမှာမေ လူရယ်လို့
ဖြစ်လာရင်ကိုယ်လိုချင်တာကို
ရအောင်တောင်းဆိုရမယ် မေ
ဒါဟာလူ့အခွင့်အရေးပါ။
တကယ်လို့မေ
မကျေနပ်ရင်လေ
ကိုယ်ကိုကြိုက်သလိုကာ
စီရင်အပြစ်ပေးပါ
ဘာလို့လဲဆိုတော့
ကိုယ်ဟာမေ့ကိုချစ်နေတဲ့
အချစ်ကိုယုံကြည်တဲ့
မေ့ရဲ့နှလုံးသားကဖမ်းထားတဲ့
အချစ်ယုံကြည်ချက်အကျဉ်းသားမို့လို့ပါ။
မေကသေဒဏ်ပေးရင်ကိုယ်ကျေကျေနပ်နပ်ကြီးခံယူပါ့မယ်။

In: ကဗျာ Posted By: Date: Nov 22, 2012
Comment #1

Wow
So much cute.
😛

commentinfo By: ei lay at Nov 22, 2012
Comment #2

မေ သေဒဏ်ပေးပါဘူးနော် ခိ နောက်တာပါ ပီပြင်ရဲရင့်လိုက်တဲ့ ခံစားချက်တွေ မေသိပါစေရှင်

commentinfo By: မေပျို at Nov 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment