Professional Authors

ရင်ဘတ်အကျဉ်းသား (၂) (မိုးထက်အောင်)

ရင်ဘတ်အကျဉ်းသား (၂)

 

လူကိုလမ်းကထမ်းပြီးပြန်တဲ့ည

ကြယ်မကြွေဘူး နှင်းမဝေဘူး

နတ်သမီးအမုန်းနဲ့  ဟောဒီ့ကောင်ရဲ့မျက်ရည်

(သုံးခွက် တစ်ခွက် ကျိုသောက်)

ူုအိမ်မက်ရွာမှာ တောမမှောက်ဘူး။

 

(ဒီလူနဲ့  ဒီအလွမ်း……)

ဒီကမ်းပေါ်က ပြုတ်ကျသေတယ်

(ဆင်ဆာမဖြတ်ကြပါနဲ့ )

ကျွန်တော်လူကြမ်းကို

ဇာတ်သိမ်းခန်းမှာ………..

……………………………………..

မင်းသမီးနဲ့  လွမ်းခွင့်ပေးစမ်းပါ။

 

ပါးပါးလေးခြားတဲ့အလွှာမှာ

ကောင်လေးက ကောင်မလေးကို မချစ်ရ

(ဒီဇာတ်လမ်းအတွက် အယူခံ)

နတ်သမီးခုံရုံးမှာ တစ်သက်လုံးပယ်တယ်

(အိမ်မက်ကြမ်းနဲ့  အလွမ်းဒဏ်)

တစ်သက် တစ်ကျွန်းကျခံစေ……..တဲ့။

 

(မူးသွားတာတော့မဟုတ်ဘူးဗျ……)

လူကိုလမ်းကထမ်းပြီးပြန်တဲ့ည

ကြယ်မကြွေဘူး နှင်းမဝေဘူး

(ဒီလူနဲ့  ဒီအလွမ်း…….)

ဒီကမ်းပေါ်က ပြုတ်ကျသေသွားတာ

ဘယ်သူမှ……..

မ…သိ….လိုက်…..ဘူး…….ဗျာ…….

…………………………………………………။

 

မိုးထက်အောင်

In: ကဗျာ Posted By: Date: Jul 6, 2011
Comment #1

ပါးပါးလေးခြားတဲ့အလွှာမှာ

ကောင်လေးက ကောင်မလေးကို မချစ်ရ

(ဒီဇာတ်လမ်းအတွက် အယူခံ)

နတ်သမီးခုံရုံးမှာ တစ်သက်လုံးပယ်တယ်

(အိမ်မက်ကြမ်းနဲ့  အလွမ်းဒဏ်)

တစ်သက် တစ်ကျွန်းကျခံစေ……..တဲ့။

ကိုမိုးထက်ကဗျာလေးတွေကို..အရမ်းကြိုက်ပါတယ်…ခင်ဗျာ……

commentinfo By: အသဲကွဲမိုး at Jul 6, 2011
Comment #2

ကျေးဇူးတင်ပါတယ်ဗျာ….. 🙂

commentinfo By: moehtetaung18 at Jul 6, 2011
Comment #3

(မူးသွားတာတော့မဟုတ်ဘူးဗျ……)

လူကိုလမ်းကထမ်းပြီးပြန်တဲ့ည

ကြယ်မကြွေဘူး နှင်းမဝေဘူး

(ဒီလူနဲ့  ဒီအလွမ်း…….)

ဒီကမ်းပေါ်က ပြုတ်ကျသေသွားတာ

ဘယ်သူမှ……..

မ…သိ….လိုက်…..ဘူး…….ဗျာ…….

…………………………………………………။

commentinfo By: အောင်ရဲသူ at Jul 7, 2011
Comment #4

ဒီလူနဲ့  ဒီအလွမ်း……)

ဒီကမ်းပေါ်က ပြုတ်ကျသေတယ်

(ဆင်ဆာမဖြတ်ကြပါနဲ့ )

ကျွန်တော်လူကြမ်းကို

ဇာတ်သိမ်းခန်းမှာ………..

……………………………………..

မင်းသမီးနဲ့  လွမ်းခွင့်ပေးစမ်းပါ။
မိုးထက်အောင်အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 7, 2011
Comment #5

လေးစားရလွန်းတဲ့ တက်သစ်စတွေထဲမှာ အစ်ကိုလည်းပါတယ်း)

Comment #6

ပျောက်နေပြန်ပီ ကိုမိုးထက်… ကဗျာလှလှလေးတွေနဲ့ ပြန်လာပါဦး..

commentinfo By: 13th at Sep 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment