Professional Authors

လူညာ……………………………………………………………………မင်းလူန

နက်နက်ရှိုင်းရှိုင်းနဲ့ 
ထုတ်သုံးလိုက်တဲ့ ဦးနှောက်
အလွှာချပ်တွေကို
ရောင်းကုန်တစ်ခုအဖြစ်ပုံစံသွတ်
အဲ့ ဒီမှာဘ၀ဘယ်နှစ်ဘ၀စတေးထားလဲ
ခင်ဗျာသိနိုင်မလား
လေထုသိပ်သည်းဆအကြောင်းထက်
ကိုယ့် အသက်ရှူသံကိုပိုပြီး
နားစိုက်ထောင်မိတဲ့ အခါတိုင်းတော့ 
ဘ၀ညဉ်းချင်းတွေကို
ရင်ခေါင်းသံထပ်ပိုးမိသား
ရယ်သွမ်းသွေးလို့ မရတော့ တဲ့ 
ဒဏ်ရာဒဏ်ချက်တွေကို
ပြန်ဖာထေးဖို့ တော့ 
ကိုယ့် ကိုယ်ကို
လေးစားချင်ဟန်ဆောင်လိုက်တယ်
အဲ့ ဒီမှာ
တိုက်ပွဲတစ်ခုရဲ့ 
အမြင့် ဆုံးအချိန်ဆိုတာ
အသေအချာပဲ………
………………………
                           မင်းလူန

In: ကဗျာ Posted By: Date: Jan 24, 2011
Comment #1

ကိုမင်းလူ အားပေးနေတယ်ေ

commentinfo By: genius.jinx28 at Jan 24, 2011
Comment #2

အားပေးသွားတယ်နော်အကို

commentinfo By: ဇလပ်ဖြူ at Jan 24, 2011
Comment #3

ကောင်းတယ်ဗျ….
ကဗျာလေး

commentinfo By: moehtetaung18 at Jan 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment