Professional Authors

ချစ်တယ်ကောင်မလေးရယ်

ကြယ်ကြွေကိုကြည့် ပြီးတောင်းတဲ့ ဆု
ပြည့် မပြည့် တော့ မသိဘူး
ညဘတ်တွေအိပ်ရေးပျက်နေတက်ပြီ
ရှေ့ တိုးဖို့ နောက်တစ်လှမ်းဆုတ်တဲ့ 
မဟာဗျူဟာလဲငါမတက်တာ့ 
ခြေတစ်လှမ်းမှားသွားပြန်
ရာဇ၀င်မှာ
မိန်းမကြောင့် ကျဆုံးခန်းရောက်သွားတက်သူတွေကို
ပြက်ရယ်ပြုဖူးတဲ့ အမှားမျိုးငါကျူးလွန်ခဲ့တာ
ခုငါက……………..
ငါ့ ပြဇာတ်မှာ
နေ၀င်ချိန်မရောက်ပဲ
မိုးချုပ်တဲ့  ညတွေနဲ့  အသုံတော်ခံနေရပြီလေ
သက်ပုံမမှန်တဲ့ 
ငါ့ စာမျက်နှာတွေမှာ
မင်းကတော့ 
ဒုံရင်းအတိုင်းပြုံးလို့ 
သံစဉ်မပါတဲ့ သီချင်းအလွတ်တစ်ပုဒ်လောက်တော့ 
ဆိုပြခွင့် ရမယ်ဆိုရင်…………..
ငါ့ စိတ်ဝေဒနာတွေရဲ့ 
အကိုင်းအခက်တွေအောက်က
ပင်စည်ထိမင်းမမြင်ရင်လဲ
ကျေနပ်ပါတယ်……………………..
ငါ့ ရင်ဖွင့် သံအဆုံးမှာ
မင်းရင်ခုံသံနဲ့ ထပ်တူကျပါစေလို့ တော
ကြယ်ကြွေကြွေ
မကြွေကြွေ……………….
ဆုတောင်းမယ်
ငါမင်းကိုချစ်တယ်ကွာ

မင်းလူန

In: ကဗျာ Posted By: Date: Jul 14, 2010
Comment #1

ချာလုံးပေါင်း မွားနေပါတယ်…ဟီးး ဟီးး

commentinfo By: joker at Jul 14, 2010
Comment #2

wow,,,,,,,,,,,,,
so sweettttttttttttttttttttt
😛
😛
😛

commentinfo By: ei lay at Aug 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment