Professional Authors

စိတ်ဝင်စားရင်တော့ ဖတ်ကြည့် ပါ……..(မင်းလူန)…..အချစ်လို့ ခေါ်တာပဲ

အနက်မဖွင့် တက်ရင်
သူ့ အတိုင်းထားလိုက်…………
အဲ့ ဒီမှာတိုက်ပွဲတွေဖြစ်တက်တယ်
ရင်ကြားစေ့ ရေးဆွေးနွေးပွဲတွေပျက်စီးသွားတဲ့ 
မီးစတွေရှိနေတယ်……….
ကြာကြာထားလို့ မရတော့ တဲ့ 
ပုပ်သိုးနေတဲ့ 
ဖြူစင်မှု့ တွေရှိတယ်…………….
သစ်သီးတစ်လုံးရဲ့ 
ရာဇ၀င်ရှိသလို…………….
ကမ္ဘာပိုပူလာရတဲ့ အကြောင်းပြချက်တွေရှိတယ်……..
အနက်မဖွင့် တက်ရင်ဒီအတိုင်းထားလိုက်
ကျနော်တောင်
ဒီနားတင်ကဗျာဆက်မရေးဖြစ်တော့ ဘူး
……………………………..မင်းလူန

In: ကဗျာ Posted By: Date: Apr 8, 2011
Comment #1

အင်းး..ဒီတိုင်ထားလိုက်ပီ

commentinfo By: ရွှေငါး at Apr 8, 2011
Comment #2

ha,,ha,, 😛
nice

commentinfo By: ei lay at Jun 7, 2012
Comment #3

ကိုမင်းလူန ခုမှဖတ်ဖြစ်တယ် …နှစ်သက်မိပါ၏

commentinfo By: အသဲကွဲမိုး at Sep 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment