Professional Authors

အဆက်အစပ်မဲ့ (မင်းလူန)

အပေါဆုံးဆိုတာတွေနဲ့ 
မွမ်းမံထားတဲ့ ကဗျာပါ။
စိတ်လိုလက်ရမှု့ ကြောင့် နှလုံးသားဟာအချစ်ကို
ပထမဆုံးရင်ခုံသည်မှစပြီး
တခါဖူးမှမရိုးသားတော့ တဲ့ အတွေးဟာ
မေတ္တာတရားနဲ့ အလှမ်းဝေးသွားတဲ့ အကြောင်း
ခေါင်းထဲမှာစကားလုံးတွေ
ကွဲ
အက်
ပြတ်
ရှ
အဲ့ ဒီမှာအချစ်ဟာ
စပ်ဖျင်းဖျင်းခံစားမှု့ တွေနဲ့ 
ငါ့ ခန္ဓာကိုမလွှတ်တမ်းပူးကပ်
ညာဘက်လက်ဖျံမှာ
သေရာပါတက်တူးတစ်စနဲ့ 
အချစ်ဟာဘာလဲလို့ 
မေးခွန်းထုတ်ရတဲ့ အထိ
………….
လူအရေခွံကိုခြုံမိမှတော့ 
လူသားဆန်တဲ့ နေနည်းတွေကျင့် ဖို့ 
ငါစာမျက်နှာကို
ခဏခဏဆွဲဖြုတဆ်ပြီးရိုးသား
အဲ့ ဒီမှာ
ငါ့ ကိုယ်ငါညာပြီးသားလဲဖြစ်ခဲ့ ရတယ်
…….
မကျေနပ်စရာက
ငါ
အလိုရမ္မတ်မှာ
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျခဲ့ ခြင်း
……….
အဖြတ်မတောက်မမှန်တဲ့ ဝတ္ထုလို
ငါ့ စိတ်အစဉ်ဟာ
ဘယ်တော့ မှဖတ်ကောင်းမယ်မထင်ပါဘူး
ထားခဲ့ တော့ သစ္စာ
ငါနဲ့ အဝေးမှာ
နေပေးပါ။။။။။

In: ကဗျာ Posted By: Date: Mar 13, 2012
Comment #1

လူအရေခွံကိုခြုံမိမှတော့ 
လူသားဆန်တဲ့ နေနည်းတွေကျင့် ဖို့ 
ငါစာမျက်နှာကို
ခဏခဏဆွဲဖြုတဆ်ပြီးရိုးသား
အဲ့ ဒီမှာ
ငါ့ ကိုယ်ငါညာပြီးသားလဲဖြစ်ခဲ့ ရတယ်
…………..
နှစ်သက်စွာ…အားပေးလျှက်ပါ..

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #2

မကျေနပ်စရာက
ငါ
အလိုရမ္မတ်မှာ
နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျခဲ့ ခြင်း
………………………………………………….
လေးစားလျှက်

commentinfo By: sharon myorr myor at Mar 13, 2012
Comment #3

arr pay twar par d.

commentinfo By: ei lay at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment