Professional Authors

ဒေသစိတ်တစ်ခုမှလူ(မင်းလူန)

လှိုက်ဖိုစရာကောင်းအောင်
မျှတခဲ့ သောအိပ်မတ်
အဲ့ ဒီမှာ
ညတွေကိုယ်စီနဲ့ 
ခံစားချက်တွေသောင်ထွန်းခံခဲ့ ရဖူးတယ်
………………………….၁……………………
အသိဥာဏ်အမှတ်စဉ်တစ်အရ
ပြောသမျှခေါင်းညိတ်တက်အောင်
သင်ကြားခြင်းခံခဲ့ ရ
မှိုတက်နေတဲ့ ဦးနှောက်များသာ
ဖြတ်သန်းသွားလာခွင့် ရှိတဲ့ အရပ်
………………………….၂……………………
ပုခုံးနှစ်ဖက်ကြားကခေါင်းတိုင်း
ကိုယ်ချင်းစာတရားကိုကျားကုတ်ကျားခဲ
တူးဖော်
ပုံသွင်း
မွေးမြူ
(မြူဆွယ်ခြင်းနှင့် ဝေးရာ)
…………………………….၃…………………
ပျံသန်းခြင်းဆိုင်ရာ
လွပ်လပ်မှု့ အရသာသစ်တို့ 
အနာဂါတ်မှာ
စီးမျော
(မျောလွင့် ခြင်းတို့ ကင်းဝေးရာ)
……………………………..၄…………………
စိတ်ကိုပဲ
ထပ်တလဲလဲအကျဉ်းချခဲ့ ရတဲ့ ည
အဲ့ ဒီညတွေပိုမှောင်တယ်
မေတ္တာတရားနဲ့ ပြသနာတစုံတရာကြားမှာ
ထွန့် ထွန့် လူးနေတဲ့ မြို့ 
အဲ့ ဒီမှာ
ကဗျာဆရာနေတယ်

မင်းလူန

In: ကဗျာ Posted By: Date: Oct 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment