Professional Authors

ထူးဆန်းသောသတ္တ၀ါ

ကိုယ့် အဆိပ်ခွက်နဲ့ ကိုယ်
တစ်သံသရာလုံး
အခတ်ထန်ဆုံးမှောင်ခဲ့ သူ
………..၁……….
လရေးနှစ်ချောင်းငင်ခဲ့ ပါလျှက်နဲ့ 
ဘာဖြစ်လို့ 
ကိုယ်ချင်းစာဖို့ မေ့ နေခဲ့ ပါလိမ့် 
………..၂…………
ငွေကြေး
လိင်ကိစ္စ
ကိုယ့် အကြေးခွံမှာ
ဘယ်လောက်အရောင်တောက်နေခဲ့ လည်း
အမှောင်ထဲရောက်မှ
သိတော့ တယ်
………….၃……….
ခက်ပါရဲ့ 
မနှစ်မြို့ ပါဘူးဆိုမှ
အတိတ်တွေ
တူးဖော်နေရတာလဲဒုက္ခ
ရေဆေးချလို့ မရတော့ လဲ
ဒီစာမျက်နှာကို
ကျော်ဖက်လိုက်တယ်
အဲ့ ဒီမှာ
မရိုးသားခြင်းတွေ
ဗုံသံတစ်ခုခုမပါပဲ
ကလို့ ခုန်လို့ ။
………၄…………..
ရွတ်ပြလို့ မကောင်းတဲ့ အထဲမှာ
ကိန်းဂဏန်းတွေနဲ့ 
ဘ၀ကို
ခုတ်ရာရှရာလွဲခဲ့ ခြင်းတွေပါတယ်
……………….
……………….                                 မင်းလူန

In: ကဗျာ Posted By: Date: Oct 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment