Professional Authors

ခပ် ခပ် ခပ် ပုံပြင်……………………..

ခပ်နွမ်းနွမ်း ကောင်လေးတစ်ယောက်
ခပ်လွမ်းလွမ်း လေး ဆွေးတယ်…။
ခပ်မိုက်မိုက် ကဗျာတစ်ချို့
ခပ်ကောင်းကောင်း ကလေးထွက်လာတယ်…။
ခပ်ချောချော ကောင်မလေးတစ်ယောက်
ခပ်လန်းလန်း လေးလျှောက်လာတယ်..။
ဒီတော့
ခပ်နွမ်းနွမ်း ကောင်ကလေးက
ခပ်မိုက်မိုက် ကောင်မလေး ကို
ကြွေမိပါလေရော….။
ဒီတော့
ခပ်ဆန်း ဆန်း စာကလေးတွေ
ခပ်မိုက်မိုက် ကဗျာလေးတွေနဲ့ပဲ
သူမက သူကို ကြွေလာအောင်
သူ တော်တော် လေး ကြိုး စားခဲ့တယ်
အချိန်တွေသာတော်တော် လေး ကုန်ခဲ့တယ်
နာရီတွေသာ မြန်မြန်လေး လည်ခဲ့တယ်
သူကြိုးစားသမျှတွေဟာ
ခပ်ပေါ့ပေါ့ ဟာသတစ်ပုဒ်လိုပါပဲဆိုတာ

ခပ်နွမ်းနွမ်း ကောင်လေးတစ်ယောက်နားလည်လိုက်တယ်……

နဂိုလိုပဲ ခပ်ဆွေးဆွေးလေးပဲကျန်ရင်း
ခပ်လွမ်းလွမ်း ကဗျာတွေကို ပဲ
ရေးနေခဲ့တယ်လေ
အချိန်တွေ က တော့အညိမ်မနေပါ….
သူမကို သူ တွေ့ လိုက်ရတယ်လေ
သူမ က တော့ခပ်လန်းလန်းလေးပဲ
သူမဘေးနားမှာ ခပ်ဖြောင့်ဖြောင့်နဲ့
ခပ်တောင့်တောင့် ကောင်လေးတစ်ယောက်
ဒီမြင်ကွင်း ကို မြင်တော့
သူယုံရမှာ ခက်ခက် ဖြစ်နေတယ်
ဒါပေမယ့်
ဒါဟာခပ်ပေါ့ပေါ့ကိစ္စ မှ
မဟုတ်ဘဲ
မိမိ ရဲ့ ခပ်ဖျော့ဖျော့ နှလုံးသားလေးကို
ခပ်ဆိုးဆိုး အရောင်တွေ ခြယ်သလိုပါပဲ
နှလုံးသားဟာ ဘယ်လိုမှကို
မလှနိုင်တော့ဘူးလေ..
နောက်ဆုံးတော့
ခပ်နွမ်းနွမ်း ကောင်လေးလဲ
ခပ်မိုက်မိုက် ကောင်မလေးကို
မလွမ်းတော့ပဲ
ခပ်တန်တန် ကောင်မလေး တစ်ယောက်နဲ့ပဲ
ဘ၀ကို ဖြတ်သန်းဖို့ သူဆုံးဖြတ်လိုက်တယ်
သူအနေနဲ့ က
ကံကြမ္မာဆိုတဲ့ ဇာတ်ညွှန်း ရေးဆရာရေးတဲ့အတိုင်းပေါ့
သူ ဟာ လိုက်က နေရတဲ့
ခပ်ပေါပေါ ဇာတ်ကောင်တစ်ယောက်ပဲလေ….။

In: ကဗျာ Posted By: Date: Jan 13, 2011
Comment #1

မိမိ ရဲ့ ခပ်ဖျော့ဖျော့ နှလုံးသားလေးကို
ခပ်ဆိုးဆိုး အရောင်တွေ ခြယ်သလိုပါပဲ
နှလုံးသားဟာ ဘယ်လိုမှကို
မလှနိုင်တော့ဘူးလေ..
ကံကြမ္မာဆိုတဲ့ ဇာတ်ညွှန်း ရေးဆရာရေးတဲ့အတိုင်းပေါ့
သူ ဟာ လိုက်က နေရတဲ့
ခပ်ပေါပေါ ဇာတ်ကောင်တစ်ယောက်ပဲလေ….။

commentinfo By: Ate Pyaw at Jan 13, 2011
Comment #2

ခပ်ကောင်းကောင်းကဗျာတစ်ပုဒ်လေး
ဖတ်လိုက်ရတာကျေးဇူးတင်ပါတယ်..

commentinfo By: Zalat Phyu at Jan 14, 2011
Comment #3

အဟီး ကောင်းလိုက်တဲ့ ကဗျာ…

commentinfo By: မိုးသည်း at Jan 14, 2011
Comment #4

so much perfect n choice of words,

but at last,u can easily exchange her with another girl.
so funny,
so cheap.

commentinfo By: ei lay at Aug 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment