စကားလုံးမရှိတဲ့ ကောင်းကင်
ကောင်မလေး…
ကြည့်လိုက်တဲ့အခါ
မျက်ဝန်းတစုံဟာ
ဦးထုပ်အောက်မှာ ပုန်းလို့ ။
ကောင်မလေး…
ကြည့်လိုက်တဲ့အခါ
နှုတ်ခမ်းတစုံဟာ
ဦးထုပ်အောက်မှာ ပြုံးလို့ ။
ကောင်မလေး…
ကြည့်လိုက်တဲ့အခါ
မျက်ဝန်းတစုံဟာ
မျက်ဝန်းတစုံပေါ် ကျရောက်လို့ ။
ကောင်မလေး…
ကြည့်လိုက်တဲ့အခါ
နှုတ်ခမ်းတစုံဟာ
လက်ဖမိုးတစ်ခုပေါ် ကျရောက်လို့ ။
ကောင်မလေး…
ကြည့်လိုက်တဲ့အခါ
ကောင်းကင်ကြီးရယ်
လျှပ်ပန်းတွေနွယ်လို့ ။
ကောင်မလေး…
ကြည့်လိုက်တဲ့အခါ
ပန်းလေးတပွင့်ဟာ
ကျော့ကွင်းမမိပါဘဲ ရင်ခွင်တစ်ခုထဲ
ညွှတ်ဆင်းသွားလို့ ။
ကောင်မလေး မကြည့်တော့ပေမယ့်
သိလိုက်ရပြီ။
ကောင်မလေး ရဲ့
ကောင်းကင်ကြီး မှာ
လျှပ်ပန်းတွေ ….. ခတ်သွားတယ်။
စကားလုံးတွေ ….. ဆွံ့ အသွားတယ်။
ရင်ခုန်သံ နှစ်ခု ….. စည်းချက်ညီသွားတယ်။
Comment #4
very very good
By: sweety at May 12, 2010
Comment #7
ကောင်မလေး ရဲ့
ကောင်းကင်ကြီး မှာ
လျှပ်ပန်းတွေ ….. ခတ်သွားတယ်။
စကားလုံးတွေ ….. ဆွံ့ အသွားတယ်။
ရင်ခုန်သံ နှစ်ခု ….. စည်းချက်ညီသွားတယ်။
So Nice…..!!!!!
By: ကေသရီ at Oct 8, 2011




Comment #1
That’s nice poem. Welcome to PC 🙂