Professional Authors

အရောင်များ

“အရောင်များ”

နီးခြင်း ဝေးခြင်းဆိုတဲ့ ခံစားမှုကို ပေးတတ်တဲ့ အရောင်တွေ
နွေးထွေး အေးစက်ခြင်းကို ပေးတတ်တဲ့ အရောင်တွေ
ခံစားလိုက်တိုင်း
အတွေးဟာ ကျဉ်း လိုက် ကျယ်လိုက်
စိတ်တွေဟာ အရောင်နဲ့အတူ တွေးလိုက် ငေးလိုက်….။

လိုက်ဖက်တဲ့အရောင်လေးတွေအပေါ် ငေးလိုက်တိုင်း
စိတ်တွေဟာ လောကကြီးနဲ့ တစ်သားတည်းကျချင်သလိုလို
ခွဲထွက်တဲ့ အရောင်လေးတွေအပေါ် တွေးလိုက်တိုင်း
စိတ်တွေဟာ အထီးကျန်ချင်နေသလိုလို…။

တစ်ခဏအတွင်း ဆွဲဆောင်အားတစ်ချို့
တစ်စိမ့်စိမ့် တွေးအားတစ်ချို့
အရောင်တွေက ခံစားမှုကို အဓိပ္ပါယ်ဖွင့်တတ်တယ်
ခံစားမှုနဲ့ အရောင်တွေကို တွေးတယ်…။

အရောင်တွေရဲ့ character
အရောင်တွေ ပေးတဲ့ feeling
ကွယ်….
အရောင်တွေက ခံစားချက်ကို မွေးဖွားပေးတာလား
စိတ်တွေက အရောင်တွေအပေါ် ခံစားပေးတာလား…..။

In: ကဗျာ Posted By: Date: Oct 3, 2010
Comment #1

Arr pay twar par de

commentinfo By: ei lay at Dec 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment