Professional Authors

ညတစ်ညရဲ့ အတွေးစု

တိတ်ဆိတ်တဲ့ ဟောဒီည
လပြည့်ည မဟုတ်တဲ့
အလင်းလေးက ဖျော့ဖျော့ရယ်ပေါ့…
ပြတင်းပေါက်က ကျလာတဲ့
မှိန်ဖျော့ဖျော့အလင်းရောင်ကြောင့်
ဟိုးအဝေး ကောင်းကင်ကို မော့ကြည့်မိတယ်….
အစွမ်းကုန်လှပနေတဲ့ ကြယ်ပွင့်လေးတွေ
အနှောင်အဖွဲ့ ကင်းမဲ့စွာ လင်းလက်နေလိုက်ကြတာ
သူတို့ဘ၀တွေက ကျေနပ်ချင်စရာ
သြော်…
ငါ့ဘ၀နဲ့များ တခြားစီ
ကြယ်တွေလိုများ ငါ့ဘ၀ ပြည့်စုံခဲ့ရင်…..

In: ကဗျာ Posted By: Date: Jun 16, 2010
Comment #1

လင်းတ၀က်မှောင်တစ်ဝက်
ကြယ်ရောင်လေးသာခပ်လဲ့လဲ့ရှိနေတဲ့ညမျိုး
ဟိုးအဝေးက မပီမသ လွင့်ပျံလာတဲ့သီချင်းသံနာခံရင်း
မင်းလိုဘဲ ငါလဲလွမ်းဘူးပါတယ်။
မမြင်ရပေမဲ့ခံစားချက်ခြင်းကတော့တူနေပါတယ်။

Comment #2

သြော်…
ငါ့ဘ၀နဲ့များ တခြားစီ
ကြယ်တွေလိုများ ငါ့ဘ၀ ပြည့်စုံခဲ့ရင်….

commentinfo By: chityellusoelay at Aug 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment