Professional Authors

ရောထွေးခြင်း

အလင်းရဲ့ အရောင်တွေ
နေ့ခင်းမှာ မသိသာဘူး
အမှောင် ရဲ့အရောင်တွေ
သန်းခေါင်မှာ မရှိသလိုပဲ
ရေရဲ့ အရောင်တွေ
ချောင်းထဲမှာရောနေမယ်
လူရဲ့အရောင်တွေ
လူတွေကြားထဲမှာ ပျောက်နေတယ်…
မျှော်ဆ တွေးကြည့်
ခပ်ဝေးဝေးမှာ
လူတိုင်းတွက် တစ်နေရာရှိတယ်
ရော်ရမ်း မှန်းကြည့်
အဝေးဆုံးက
ခပ်ဝါးဝါး အတွေးစပဲဖြစ်မယ်
ကြိုးစား ထိမ်းကြည့်
အာရုံတွေ အဝေးကိုလွင့်နေမယ်
“ပဲ့” လိုမယ်
“လှော်တက်” လိုမယ်ခပ်ဝေးဝေး တစ်နေရာကိုတော့ မင်းရောက်မယ်..

In: ကဗျာ Posted By: Date: May 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment