Professional Authors

လှောင်အိမ် (အောင်ဝေး)

စိတ်ကို ပန်းချီကားထဲ ထည့်ထားတာပါ။

စိတ်က လွမ်းနေတော့
အရောင်တွေလည်း လွမ်းတာပေါ့။

စိတ်က မှိုင်းနေတော့
အရောင်တွေလည်း မှိုင်းတာပေါ့။

စိတ်က ဆွေးနေတော့
အရောင်တွေလည်း ဆွေးတာပေါ့။

စိတ်က အုံ့နေတော့
အရောင်တွေလည်း အုံ့တာပေါ့။

စိတ်က နာနေတော့
အရောင်တွေလည်း နာတာပေါ့။

စိတ်က ငိုနေတော့
အရောင်တွေလည်း ငိုတာပေါ့။

စိတ်က လွင့်နေတော့
အရောင်တွေလည်း လွင့်တာပေါ့။

စိတ်ကို ပန်းချီကားထဲ ထည့်ထားခဲ့တာပါ။
ဒါပေမဲ့
စိတ်က ပန်းချီကားထဲက ထွက်ပြေးသွားတယ်လေ။

နောင်ဆိုရင်
အရောင်တွေကို
လှောင်ပိတ်ထားလို့ရမှာ မဟုတ်တော့ပါဘူး။ ။

(ပိပိသို့ . . .)

အောင်ဝေး
(၂၀၀၇-ဖေဖော်ဝါရီလထုတ် – ရတီမဂ္ဂဇင်း)

Comment #1

ဆရာအောင်ဝေးရဲ့ကဗျာတွေ..ကောင်းမှကောင်းနော်..။။

commentinfo By: အမရာ at Jul 20, 2010
Comment #2

စိတ်ကဘာမှန်းမသိတော့
အရောင်တွေလည်းဘာမှန်းမသိဖြစ်ကုန်တာပေါ့…။ ..။

commentinfo By: SoFarAwayFromU at Nov 5, 2011
Comment #3

စိတ်ကို ပန်းချီကားထဲ ထည့်ထားတာပါ။

စိတ်က လွမ်းနေတော့
အရောင်တွေလည်း လွမ်းတာပေါ့။

စိတ်က မှိုင်းနေတော့
အရောင်တွေလည်း မှိုင်းတာပေါ့။

စိတ်က ဆွေးနေတော့
အရောင်တွေလည်း ဆွေးတာပေါ့။

စိတ်က အုံ့နေတော့
အရောင်တွေလည်း အုံ့တာပေါ့။

စိတ်က နာနေတော့
အရောင်တွေလည်း နာတာပေါ့။

စိတ်က ငိုနေတော့
အရောင်တွေလည်း ငိုတာပေါ့။

စိတ်က လွင့်နေတော့
အရောင်တွေလည်း လွင့်တာပေါ့။

စိတ်ကို ပန်းချီကားထဲ ထည့်ထားခဲ့တာပါ။
ဒါပေမဲ့
စိတ်က ပန်းချီကားထဲက ထွက်ပြေးသွားတယ်လေ။

နောင်ဆိုရင်

commentinfo By: May Kha at Mar 6, 2012
Comment #4

စိတ်ကို ပန်းချီကားထဲ ထည့်ထားခဲ့တာပါ။
ဒါပေမဲ့
စိတ်က ပန်းချီကားထဲက ထွက်ပြေးသွားတယ်လေ။

commentinfo By: nwenyeinaye at Apr 30, 2012
Comment #5

တော်ပါပေတယ် ဆရာ

commentinfo By: ချမ်းအေး at Dec 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment