Professional Authors

နယ်ကျွံသူငယ်ချင်းအချစ်

စိတ်မဆိုးပါနဲ့
သူငယ်ချင်းရေ
စည်းလေးတော့ ကျော်မိပြီ

ချစ်နေတဲ့စိတ်ကို လွန်ဆန်မရလို့
အိပ်မရတဲ့ရက်တွေကို တွန်းလှန်ရင်း
ဖွင့်ပြောလိုက်မိတယ် ချစ်တယ်

မင်းရဲ့အရှေ့မှာ အကြိမ်ကြိမ်ဆိုး
မလိမ္မာအကြိမ်ကြိမ်မိုက်
မင်းမကြိုက်တဲ့ပုံစံတွေနဲ့
အချိန်ကြာနေလာမင်းအနား
မျက်စိများနောက်နေမလားနော်

အချစ် အနေခက်အောင်
တမင် ကြံဆောင်
အနေမပျော်အောင် လုပ်ခဲ့တာမဟုတ်ပါဘူး

သူများဦးသွားမှာလည်းစိုး
အတွေးအမျိုးမျိုးနဲ့
ရူးသွားစေနိုင်တယ်

ဒါပေမယ့်လည်း
မင်းရင်ထဲကနေရာတစ်နေရာ
သူငယ်ချင်းအဖြစ်နဲ့သာ
လက်ခံတယ်ဆိုရင်ဖြင့်
မင်းအနားကဝေးမသွားတာထက်ဆိုင်ရင်
ဖြေသာလောက်ပါတယ်
ချစ်သူမဖြစ်ခဲ့သော
သူငယ်ချင်းရယ်….

In: ကဗျာ Posted By: Date: Aug 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment