နင့်ကြောင့်သာ….နင်နဲ့ဆုံစည်းရဖို့သာ…..။
“နားလည်မှု…..”
ဟင့်အင်း မလိုအပ်ဘူး
နင်ဘာလုပ်လုပ် …
ချစ်နေတဲ့ မျက်စိ……လက်ခံနိုင်တဲ့ နှလုံးသား…
အပြစ်မမြင်တတ်တဲ့ သဘောထားတွေ …
ငါ့မှာ ရှိတယ်……။
“တောင်းဆိုမှု….”
လုံးဝ မသုံးစွဲပါ
နင် ဘယ်လိုချစ်ချစ်……
သာယာနေတတ်တဲ့ အစွမ်း…ဖြေသာနေတတ်တဲ့ အလွမ်း…
တစ်ကိုယ်တော်…..ငိုကြွေးခြင်းတို့ရှိတယ်
“ပေးဆပ်မှု…..”
ဂုဏ်ယူဝင့်ကြွား မကြွေးကြော်ပါ
ဖွင့်ပြောဖို့ခက်….
ဖော်ပြလို့ မတတ်တဲ့…….ရည်ရွယ်ခြင်းတို့ ထွေးပိုက်
နင့်ထံ မှန်းဆ…..
တိုင်တည်ထားတဲ့ အရာရာတို့ ငါ ပိုင်ဆိုင်တယ်…။
“တုံ့ပြန်မှု….”
တူညီခြင်းတို့ မတောင်းရမ်းပါ
ဘယ်လို ပုံသေနည်းနဲ့
ဘယ်နေရာမှာပဲ ငါရှင်သန်နေရပါစေ…
မချစ်ရရင် မဖြစ်တဲ့ အတ္တ
မတမ်းတရရင် မသစ်နိုင်တဲ့ နေ့ရက်
တချို့တချို့တွေငါ နဲ့ ရောနှောနေတယ်….။
“တစိမ်းဆန်မှု….”
ငါနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါ
နင်နဲ့သာ ရင်းနှီး….
နင်နဲ့သာ…….ချစ်ခြင်း
သံယောဇဉ်တည်မြဲနေခြင်းလို့ ငါ….ခံယူထားတယ်…။
“ခွဲခွာခြင်း….”
ဘာနဲ့မှ မလဲလှယ်ပါ
နင်ရှိတဲ့ အရပ်မှာ ငါ့ပျော်စရာ
နင်လှမ်းတဲ့ ခြေလှမ်းတိုင်းဟာ….ငါ့ ခင်တွယ်ရာ
ပတ်သတ်သမျှတိုင်း…..အသက်တမျှ နီးစပ်
နင်နဲ့ ပြန်လည်ဆုံစည်းရဖို့ပဲ……ရှင်သန်ဖို့အတွက် ငါ အရေးကြီးတယ်…။
Comment #2
“ခွဲခွာခြင်း….”
ဘာနဲ့မှ မလဲလှယ်ပါ
နင်ရှိတဲ့ အရပ်မှာ ငါ့ပျော်စရာ
နင်လှမ်းတဲ့ ခြေလှမ်းတိုင်းဟာ….ငါ့ ခင်တွယ်ရာ
ပတ်သတ်သမျှတိုင်း…..အသက်တမျှ နီးစပ်
နင်နဲ့ ပြန်လည်ဆုံစည်းရဖို့ပဲ……ရှင်သန်ဖို့အတွက် ငါ အရေးကြီးတယ်…။
By: May Kha at Sep 6, 2011
Comment #8
“တောင်းဆိုမှု….”
လုံးဝ မသုံးစွဲပါ
နင် ဘယ်လိုချစ်ချစ်……
သာယာနေတတ်တဲ့ အစွမ်း…ဖြေသာနေတတ်တဲ့ အလွမ်း…
တစ်ကိုယ်တော်…..ငိုကြွေးခြင်းတို့ရှိတယ်
“ပေးဆပ်မှု…..”
ဂုဏ်ယူဝင့်ကြွား မကြွေးကြော်ပါ
ဖွင့်ပြောဖို့ခက်….
ဖော်ပြလို့ မတတ်တဲ့…….ရည်ရွယ်ခြင်းတို့ ထွေးပိုက်
နင့်ထံ မှန်းဆ…..
တိုင်တည်ထားတဲ့ အရာရာတို့ ငါ ပိုင်ဆိုင်တယ်…။
By: LNK at Oct 26, 2011
Comment #9
heart hti de,,
heart hti de,,,
heart hti de,,,,
thz so so much.
thz so so much.
By: ei lay at Oct 27, 2011
Comment #10
nint kyaunt,,,,
nint kyaunt,,,,
nint kyaunt pop…
By: ei lay at Nov 27, 2011
Comment #11
0hhhhhhh!!!!!!!
By: thiribo at Jan 3, 2012




Comment #1
“နားလည်မှု…..”
ဟင့်အင်း မလိုအပ်ဘူး
နင်ဘာလုပ်လုပ် …
ချစ်နေတဲ့ မျက်စိ……လက်ခံနိုင်တဲ့ နှလုံးသား…
အပြစ်မမြင်တတ်တဲ့ သဘောထားတွေ …
ငါ့မှာ ရှိတယ်……။
မကေ…ကြိုက်တယ်အားပေးသွားပါတယ်။