Professional Authors

ကောက်ကိုင်မိလိုက်ခြင်း (သက်ထွေး)

ဒီကဗျာကို မဖတ်ခင် နည်းနည်းလောက်တော့ ပြောပါရစေ။ ဒီကဗျာပုံစံမျိုးက ကျွန်တော် ရေးနေကျ ပုံစံမျိုးတော့ မဟုတ်ဘူး။  ပထမဆုံး စရေးကြည့်တာလားဆိုတော့လည်း မဟုတ်ပါဘူး။ ကျွန်တော် ဒီကဗျာမတိုင်ခင် “အစီအစဉ်” ဆိုတဲ့ကဗျာကို ၂၀၀၈ ခုနှစ်က ရေးခဲ့ဖူးပါတယ်။  ကဗျာရေးသူတွေထဲမှာတောင် ဒီလိုကဗျာအမျိုးအစားမျိုးကို သိပ်သဘောမတွေ့ကျတာ အများအပြားတွေ့ရပါတယ်။ ကဗျာဆရာ ဘာကို ချပြချင်တာလည်းဆိုတာ လွယ်လွယ်နဲ့မမြင်နိုင်တာရယ် ကဗျာက တစ်နေရာနဲ့တစ်နေရာ ပိတုန်းလို ကွေ့ဝိုက်ပျံသန်းနေတာကြောင့်ရယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ အခြားသော ကဗျာရေးသူ (စာရေးသူ)တို့တော့ မသိပါဘူး .. ကျွန်တော်ကတော့ ကျွန်တော့် စာဖတ်ပရိသတ်ကို တအား ဂရုစိုက်ပါတယ်။ ကျွန်တော် တစ်ခုခု ရေးပြီးတိုင်း ဘယ်လိုကဗျာမျိုးတော့ စာဖတ်သူတွေ ပိုကြိုက်တတ်တယ်ဆိုတာ မှတ်ထားပြီး ပိုကြိုက်များတဲ့ ပုံစံမျိုးကို ကျွန်တော် အသားပေးရေးလေ့ရှိပါတယ်။ အခုအောက်မှာဖတ်ရမယ့် “ကောက်ကိုင်မိလိုက်ခြင်း” ကဗျာက စာဖတ်သူအတွက် အသစ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ် .. တစ်ချို့နေရာတွေမှာတောင် ကျွန်တော်ရေးသားသူအတွက် အသစ်ပါ။ ဒီကဗျာမှာ “အစီအစဉ်” ကဗျာနဲ့မတူတဲ့အချက်ကတော့ “frame” ရှိပါတယ်။ အဲဒီ “frame” ထဲမှာ “scene” တွေရှိပါတယ်။ ကျွန်တော်အပေါ်ကပြောခဲ့သလိုပဲ ..  ဒီကဗျာက ပိတုန်းတစ်ကောင်လို ဥယျာဉ်ထဲမှာ ကွေ့ဝိုက်ပြီး မူးနောက်အောင် သွားနေပါလိမ့်မယ်။  ဒါပေမယ့် သူသွားနေတဲ့ ပန်းတိုင်က ပန်းတစ်ပွင့်ဆီဆိုတာကို အားလုံးခံစားမိကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ရေးပြီးသားကဗျာတွေထဲမှာ အရှည်ဆုံးကဗျာတစ်ပုဒ်လည်း ဖြစ်ပါတယ်။
———————————————————————————–

ကားတစ်စီးဖြတ်သွားတယ်
ဖုန်းတစ်ချက်မြည်လာတယ်
ကြုံရာကျပန်း နံပါတ်တစ်ခုက
ကိုယ့်အသံနဲ့ ခပ်ဆင်ဆင်လူတစ်ယောက်
ဖုန်းလာကိုင်တယ် …
ကျင်းကိုရှာနေတဲ့ ဂေါက်သီးလုံးလို
လိမ့်ကာ … လိမ့်ကာနဲ့
ကားဘီးက ဗွက်အိုင်ထဲ ထိုးကျတယ် …
ရုန်းအားရှိလို့ နွံထဲထိုးဆင်းတာဖြစ်မယ်လို့
ကောက်ချက် ချသူက ချတယ် …
တစ်ချိန်မှာ သူများမျက်နှာပေါ်
တက်စင်ဖို့အတွက် ဗွက်ဖြစ်ခဲ့တာလား အဖေ …
ခေါက်တင်လိုက်လည်း ပြီးသွားမှာပါ
ဒီအင်္ကျီလက်ကို ဖြတ်ပစ်စရာမလိုပါဘူး …
မဟုတ်ဘူး …
ဒါစွန်းထင်းသွားတာ မဟုတ်ဘူး …
ရုပ်ကိုဖျက်လို့ရတယ်
အသံကိုဖျက်လို့ရတယ်
အခုဖျက်မရတာက စိတ် …
“ဟယ်လို” ကြားရသေးလား …
သူနောင်တရနေတယ် ..
ဖုန်းကိုင်မိလိုက်တဲ့အတွက်
သူနောင်တရနေတယ် …
ခဏပါ …
နောက်ပြီးသွားမှာပါတဲ့
သက်ပြင်းကို လေသွင်းသံကြားတယ် …
အကြောထဲ မာနလိုလို အစိုင်အခဲ ထိုးသွင်းတယ် …
လွှတ်ပေးလိုက်ရင် လွင့်သွားမှာ သိတယ် …
နေသာထိုင်သာ မရှိချင်ဘူး …
ပြောပါ … တစ်ခုခု …
မောပြီ …
ကိုယ့်အကြောင်းကိုယ်ပြန်ကြားနေရတာ
မောပြီ …
“ရှိသေးလား” …
အင်း … ဘာမှမဟုတ်ပါဘူး …
ခဏခဏ သတိရနေတာနဲ့
ခဏခဏ ခေါ်မိနေတာ …
“သြော်” …
ခုနပဲ … တွေးနေသေးတာ
မှန်တာနဲ့မှားတာ နှစ်ခုပဲရှိတာ
ဘာလို့လူတွေက တစ်ခုပဲလိုချင်ကြတာလဲလို့ …
ပုစ္ဆာမဆန်ပါဘူး … ဒါမေးခွန်းဆန်တာ
ရှုထောင့်ချင်းတော့ ကွာတာပေါ့ …
ဝမ်းနည်းစရာက ထောင့်ချင်းတူပေမဲ့
တို့နှစ်ယောက် အနားချင်းမတူကြတာ …
ဒါဆို … ဒီဘက်ကို “ရွှေ့” လာခဲ့လေ …
ဒါဆို .. ရှင်က “စား” မှာပေါ့ …
ဒီလိုအတွေးရှိနေပြီဆိုကတည်းက
ဒီကစားနည်းကို ဆက်ကစားလို့ မဖြစ်တော့ဘူး …
ဒီလိုနဲ့ ပြီးသွားရောလား …
“လမ်းကဆုံးသွားပြီရှင့်”
မဟုတ်ဘူး …
မရပ်မနားသွားနေတဲ့သူအတွက်တော့
လမ်းဆိုတာ ဘယ်တော့မှ မဆုံးဘူး …
ရှေ့ဆက်သွားလည်း “လမ်း” …
နောက်ပြန်သွားလည်း … ဒါ “လမ်း”ပဲ …
ရွေးချယ်တယ်ဆိုမှတော့
တစ်ဖက်သတ်ဆန်တာပေါ့ …
ခဏပဲ … ခဏပဲ စဉ်းစားကြည့်
ပွင့်မယ် မပွင့်ဘူးဆိုပြီး
မရွေးချယ်ခဲ့တဲ့ ပန်းတစ်ပွင့်အတွက်
ဝတ်မှုန်ကူးမယ် မကူးဘူးလို့
လိပ်ပြာတစ်ကောင်က ရွေးချယ်ခွင့်ရှိသလား …
ဘာရလိုက်သလဲ …
မျှော်လင့်နေသေးတယ်ဆိုတာကိုက
တစ်ဖက်လှည့် တောင်းဆိုမှုပဲ …
ဒါပေမယ့်
ဒီနေရာမှာ ရိုးသားမှုပါတယ် …
ပေးသလောက် ဘယ်သူမှ
မတင်းတိမ်တတ်ကြဘူးဆိုတာ
မျှော်လင့်ဖူးတဲ့သူတိုင်းသိတယ် …
ကြာတော့လည်း ရှက်လာပြီ
နောက်ဆုံး … နောက်ဆုံးလို့အော်ပြီး
ကိုယ့်ဘက်ကိုယ် ရွယ်ထားတဲ့
မောင်းကို မဖြုတ်ရဲတာကိုပဲ ရှက်လာပြီ …
ထားလိုက်ပါတော့ …
ဘာလဲ … ပစ်ချထားခိုင်းတာလား …
ဒါမှမဟုတ် .. ယူသွားခိုင်းတာလား …
မဟုတ်ဘူး …
တစ်ခုနဲ့တစ်ခု … လဲထားခိုင်းတာ …
ဟန်မဆောင်ချင်ဘူး …
တစ်ချိန်က ကိုယ်ဟာ ဒီလိုကောင်မျိုးပါလို့
အခုလို အခြေအနေမျိုးမှာ
ဖွင့်ဟပြနေရတာကိုက
ကိုယ့်ရဲ့သတ္တိဟာ ခွန်အားမဲ့နေပြီဆိုတာ
မင်းလည်း သိနေလောက်ပါပြီ …
အချိန်မှန်တာထက်
အချိန်တန်သွားတာပေါ့ …
မစားဘဲ ကစားခံလိုက်ရတဲ့
စစ်တုရင်ထဲက ဘုရင်ဟာကိုယ်ပါ …
ပြိုလဲအံ့နီးနီး
ရှိစုမဲ့စု အင်အားတုလေးနဲ့ပဲ
ဖုန်းချလိုက်တာကောင်းပါတယ်လေ …
“လူကြီးမင်းခေါ်ဆိုသော … ဆယ်လူလာဖုန်းမှာ”
“ဗွမ်း” … ။ ။

သက်ထွေး
နိုဝင်ဘာ ၂၄ ၂၀၁၀ ညနေ ၃း၃၈

In: ကဗျာ Posted By: Date: Nov 26, 2010
Comment #1

တစ်ချိန်မှာ သူများမျက်နှာပေါ်
တက်စင်ဖို့အတွက် ဗွက်ဖြစ်ခဲ့တာလား အဖေ …

ဒါစွန်းထင်းသွားတာ မဟုတ်ဘူး …
ရုပ်ကိုဖျက်လို့ရတယ်
အသံကိုဖျက်လို့ရတယ်
အခုဖျက်မရတာက စိတ် …

ခုနပဲ … တွေးနေသေးတာ
မှန်တာနဲ့မှားတာ နှစ်ခုပဲရှိတာ
ဘာလို့လူတွေက တစ်ခုပဲလိုချင်ကြတာလဲလို့ …
ပုစ္ဆာမဆန်ပါဘူး … ဒါမေးခွန်းဆန်တာ
ရှုထောင့်ချင်းတော့ ကွာတာပေါ့ …

မျှော်လင့်နေသေးတယ်ဆိုတာကိုက
တစ်ဖက်လှည့် တောင်းဆိုမှုပဲ …
ဒါပေမယ့်
ဒီနေရာမှာ ရိုးသားမှုပါတယ် …

အချိန်မှန်တာထက်
အချိန်တန်သွားတာပေါ့ …
မစားပဲ ကစားခံလိုက်ရတဲ့
စစ်တုရင်ထဲက ဘုရင်ဟာကိုယ်ပါ …

bro ရဲ့ ကဗျာတွေတိုင်းမှာ quote လေးတွေ တွေ့တွေ့ရတတ်လို့ quote လေးတွေရွေးထုတ်မိတဲ့ သဘောပါ.. အဲဒါပဲ ကြိုက်တယ်လို့ ဆိုလို လို့မရဘူးးးးး.. အဲလို လည်းမဆိုလိုဘူးးး (: (:
တစ်ပုဒ်လုံး ကြိုက်တာာာ.. အထူးသဖြင့် ဒီကဗျာလေး တစ်ပုဒ်လုံးမှ ပြည့်စုံသလိုပဲ.. (:
ပြောပြီးသား စကားထပ်ပြောလို့ရရင်ပြာမယ်…..
လုံးဝ လုံးဝ ကို cellent cellent excellenttttttttttttttttttttttttttt *********7777777777777777777777777 (:
clappinggggggggggggggggggggggggggggggggggggggggggggggggggggggggggggggggg

commentinfo By: ဖြိုးဖြိုး at Nov 26, 2010
Comment #2

ရုပ်ကိုဖျက်လို့ရတယ်
အသံကိုဖျက်လို့ရတယ်
အခုဖျက်မရတာက စိတ် …….

commentinfo By: Ema Yar at Nov 26, 2010
Comment #3

ကောင်းတယ်ဗျ
ခက်တာက ဘယ်လိုကောင်းလဲ မရှင်းတတ်တာ
နောက် ကဗျာတွေသာ ရေးတာဗျ
အစ်ကို့ လို ဘယ်လိုပုံရှိတယ်…
ဘယ်လို အရေးအသားရှိတယ်
ဘယ်လို ဘယ်ပုံစသဖြင့်
analysis မလုပ်တတ်ဘူးဗျ
အဲလိုမျိုးလေးတွေ ရှင်းပြ၊ ရေးပြ၊ ဆွေးနွေးပြကြတာကို
စိတ်ဝင်စားတယ်
သဘောကျတယ်
နောက်လဲ များများ ဆွေးနွေးပြစေလိုပါတယ် အစ်ကိုတို့ အစ်မတို့ 
သဘာ၊ ဝါရင့်တဲ့သူတွေကို သင်ပေးကျပါလို့ 
တောင်းပန်ပါတယ်။

commentinfo By: ကိုဇင် at Nov 27, 2010
Comment #4

တစ်ခုလောက်လဲထပ်ပြောချင်ပါတယ်
ဆရာဘုန်းနိုင်ရေးတဲ့ စာအုပ်တအုပ်မှာဖတ်ဖူးတာပါ
(ဘယ်စာအုပ်လဲတော့ မမှတ်မိတော့ပါဘူး
မောင့်ဘဝ ညအလားကွယ် ထဲမှာထင်ပါတယ်)
သီချင်းရေးသူက ရေးပါတယ်
ခေတ်နဲ့မညီလို့ 
ဆိုရတာထောင့်လို့ ဆိုပြီး
ပြင်တဲ့သူကပြင်ပေးပါတယ်
Professional တွေကတော့ ဘယ်လိုသဘောထားမယ်မှန်းမသိပေမယ့်
ကျွန်တော်ကတော့ ကျွန်တော့ထက်တော်တဲ့သူတွေက ကျွန်တော့ကို ထောက်ပြ
ဝေဖန်ပြ ဘယ်လို ဆိုပိုကောင်းမယ်ဆိုတာကို ရှင်းပြပေးတာကို ဝမ်းပန်းတသာ ကြိုဆိုပါတယ်။
ဆရာတင်ချင်ပါတယ်
ငပိဖုတ်တာတောင် ဆရာလိုတယ်လို့ ဆိုထားတယ်မလားလေ

commentinfo By: ကိုဇင် at Nov 27, 2010
Comment #5

ဟိတ် လူ
ကျွန်တော်တို့ ဖုန်းတွေ ဘတ္ထရီ ဖြုတ်ထားကြရအောင်လား
…………………….

ကိုယ်ပိုင်အမှတ်001

အကန့်အသတ်တွေကို ဘောင်ချဲ့ ပစ်ဖို့ရာ
ငါနဲ့ ငါ့အတ္တ ညီမျှခြင်းထိုးချလိုက်တယ်
လျှံကျလာတဲ့ ယိုဖိတ်မှုထဲ
ပျော်ပျော်ပါးပါးကြီး ပက်လက်မျောကြစို့
ကော်ဖီသောက်မလား
ဟာသကားကြည့်မလား
နှစ်ခုစလုံးလည်း ရတယ်
ဘရိုးဒါး ဘရိုးဒါး ဘန် ဘန်း
ကံကြမ္မာဖုန်းသံ
ဒီကဗျာ ဒီနေရာမှာ ရပ်ရင် သိန်းနှစ်ဆယ် ပေးမယ်
မရပ်နိုင်ပါဘူးဗျာ
မတူမတန် ပကာသနဖောင်းပွမှုနဲ့
ရွက်ကြမ်းရေကျို ဖြစ်တည်မှုအပိုင်းအစများ
ပြောစရာမရှိပါဘူး ကိုယ့်အထာနဲ့ကိုယ်
အိုး မင်းကဘာပြောချင်နေတာတုန်း
ဘရိုးဒါး ဘရိုးဒါး ဘန် ဘန်း
ကံကြမ္မာဖုန်းသံ ၀င်လာပြန်တယ်
ဒီကဗျာ ဒီနေရာမှာ ရပ်ရင် သိန်းလေးဆယ်ပေးမယ်
NO WAY!
ငြင်းပယ်ခြင်းရဲ့ အလှ
ရှာကီရာ တင်ပါးအလှုပ်
ပြတ်ကျသွားသော စိတ် စေတသိတ်များ
အရိပ်နေနေ အခက်ချိုးချိုးတွေ များတယ်ဆိုတဲ့အကြောင်း
ညီမလေးရာ အချစ်ဆိုတာကလည်း
ဘရိုးဒါး ဘရိုးဒါး ဘန် ဘန်း
ကဲကွာ…….’ခွမ်း’
အခု အနှောက်အယှက်မရှိတော့ဘူး
ဒီတော့ အစကနေ အေးအေးဆေးဆေးပြန်ဖတ်။
In: ကဗျာ Posted By: တာကော Date: Aug 13, 2010

commentinfo By: တာကော at Nov 27, 2010
Comment #6

မရပ်မနားသွားနေတဲ့သူအတွက်တော့
လမ်းဆိုတာ ဘယ်တော့မှ မဆုံးဘူး …
ရှေ့ဆက်သွားလည်း “လမ်း” …
နောက်ပြန်သွားလည်း … ဒါ “လမ်း”ပဲ …
ရွေးချယ်တယ်ဆိုမှတော့
တစ်ဖက်သတ်ဆန်တာပေါ့ …

မျှော်လင့်နေသေးတယ်ဆိုတာကိုက
တစ်ဖက်လှည့် တောင်းဆိုမှုပဲ …
ဒါပေမယ့်
ဒီနေရာမှာ ရိုးသားမှုပါတယ် …
ပေးသလောက် ဘယ်သူမှ
မတင်းတိမ်တတ်ကြဘူးဆိုတာ
မျှော်လင့်ဖူးတဲ့သူတိုင်းသိတယ် …
ကြာတော့လည်း ရှက်လာပြီ
နောက်ဆုံး … နောက်ဆုံးလို့အော်ပြီး
ကိုယ့်ဘက်ကိုယ် ရွယ်ထားတဲ့
မောင်းကို မဖြုတ်ရဲတာကိုပဲ ရှက်လာပြီ …
ထားလိုက်ပါတော့ …
ဘာလဲ … ပစ်ချထားခိုင်းတာလား …
ဒါမှမဟုတ် .. ယူသွားခိုင်းတာလား …
မဟုတ်ဘူး …
တစ်ခုနဲ့တစ်ခု … လဲထားခိုင်းတာ …
ဟန်မဆောင်ချင်ဘူး …
တစ်ချိန်က ကိုယ်ဟာ ဒီလိုကောင်မျိုးပါလို့
အခုလို အခြေအနေမျိုးမှာ
ဖွင့်ဟပြနေရတာကိုက
ကိုယ့်ရဲ့သတ္တိဟာ ခွန်အားမဲ့နေပြီဆိုတာ
မင်းလည်း သိနေလောက်ပါပြီ …
အချိန်မှန်တာထက်
အချိန်တန်သွားတာပေါ့ …
မစားဘဲ ကစားခံလိုက်ရတဲ့
စစ်တုရင်ထဲက ဘုရင်ဟာကိုယ်ပါ …
ပြိုလဲအံ့နီးနီး
ရှိစုမဲ့စု အင်အားတုလေးနဲ့ပဲ
ဖုန်းချလိုက်တာကောင်းပါတယ်လေ …
“လူကြီးမင်းခေါ်ဆိုသော … ဆယ်လူလာဖုန်းမှာ”
“ဗွမ်း” … ။ ။

အရမ်းကြိုက်တယ်ဗျို့……………………………………..
စိတ်ထဲတောင်မကောင်းဘူး ဖတ်ရတာ 🙁

commentinfo By: chocolate at Jan 8, 2012
Comment #7

လေးစားတယ်ဗျာ

commentinfo By: sharon myorr myor at Mar 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment