Professional Authors

သတိရခြင်းများစွာနဲ့ (သက်ထွေး)

မနက်ခင်းကို
ပိုလင်းစေချင်တဲ့ စိတ်တစ်ခုထဲနဲ့
ကျွန်တော် မျက်နှာကို စွဲစွဲမြဲမြဲသစ်တယ်။

ထောင့်ကျဉ်းတွေက မှောင်တယ် …
အလင်း”ယောင်”တွေက မှောင်တယ် …
ကဗျာတွေက မှောင်တယ် …
ထပ်ခါထပ်ခါနွှေးလည်း
ယုံကြည်ချက်ဆိုတာ
ပြန်ပြန်အေးသွားတာပါပဲ။

ကျွန်တော် ဘယ်လောက်ထိ
စောင့်နိုင်ဦးမလဲ …
ကျော်သွားရင်
နောက်ပြန်လှည့်ကြည့်ရုံနဲ့
မလုံလောက်ကြောင်း
ထွက်ခွာသွားသူတွေ
သိဖို့တော့ကောင်းတယ်။

မစွမ်းဆောင်နိုင်တော့တဲ့ “ဆု”
တကူးတကပဲ ဆွတ်ယူခဲ့တယ်
ကိုယ့်ကိုယ်ကိုတုန့်ပြန်တဲ့
လက်ခုပ်သံ ..
အဆုံးသတ်မှာ
ကိုယ့်ကို ဆူညံစေတယ်။

တစ်နေ့တခြား
ရှာနေတဲ့ တိုက်ဆိုင်မှုတွေ
ရှားလာတယ် …
ကျွန်တော်ကတော့
သတိရခြင်းများစွာနဲ့
စိတ်လိုလက်ရ ကြယ်တွေ ရေလိုက်
တစ်ခါတစ်လေ ရယ်နေလိုက်ပဲ။ ။

သက်ထွေး
၂၂ နိုဝင်ဘာ ၂၀၁၀ ၁၂း၁၆

In: ကဗျာ Posted By: Date: Nov 25, 2010
Comment #1

အစမှ အဆုံး အကုန် ကြိုက်တယ်၇ှင့်။

commentinfo By: pannei at Nov 25, 2010
Comment #2

ကျော်သွားရင်
နောက်ပြန်လှည့်ကြည့်ရုံနဲ့
မလုံလောက်ကြောင်း
ထွက်ခွာသွားသူတွေ
သိဖို့တော့ကောင်းတယ်။

…………..
……….စာသားလေးက တော်တော်ကောင်းတယ်

commentinfo By: နွေ at Nov 25, 2010
Comment #3

အရင်အရင် ကဗျာတွေလိုပဲ
များကြီး များကြီး ကို အားကြီးအားကြီး************7777777 အားပေးခြင်းများစွားနှင့် ဖတ်သွားတာာ အတည်ကို..
clappinggggggggg (:

commentinfo By: ဖြိုးဖြိုး at Nov 25, 2010
Comment #4

………………………
အရမ်းကြိုက်တယ်

commentinfo By: အသဲကွဲမိုး at Jun 3, 2011
Comment #5

မနက်ခင်းကို
ပိုလင်းစေချင်တဲ့ စိတ်တစ်ခုထဲနဲ့
ကျွန်တော် မျက်နှာကို စွဲစွဲမြဲမြဲသစ်တယ်။

commentinfo By: sharon myorr myor at Mar 21, 2012
Comment #6

hit to my heart directly,

commentinfo By: ei lay at Jan 23, 2013
Comment #7

အလွမ်းတွေက နာကျင်လွန်းတယ်
သူမသိတာပဲ ကောင်းပါတယ်

commentinfo By: someone at Jul 31, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment