Professional Authors

‘အူ’ ပစ်ခဲ့သောကဗျာ (သက်ထွေး)

မွန်းကျပ်နေတဲ့
လက်တစ်ဖက်အတွက်
အသက်ရှုချောင်မယ့်
ကဗျာတစ်ပုဒ်
ငါမရေးဘူး .. ။

မတောင်းတနဲ့
ဒါ ..
မင်းဖမ်းဆွတ်ချင်တဲ့
ကြယ်တာရာ မဟုတ်ဘူး ..
နောက်ပြီး
ဒါ
မင်းကြေကွဲဖို့
အပေါစား ဒရာမာလဲ မဟုတ်ဘူး .. ။

ကြိုးဆွဲပြီး
မကချင်လို့
ဒီပန်းချီကားကို
ငါဘောင် မခတ်ခဲ့တာ ..
မင်းလည်ပတ်
တစ်ခုအတွက်နဲ့တော့
ငါ့ဇက် ..
မချိုးပေးနိုင်ဘူး … ။

ဖျော်ချခံခဲ့ရတဲ့
ဖယောင်းစက် တစ်စက်လိုပဲ
အေးစက်ပြီး
မာကျော သွားမလား ….
မင်းဘက်က မဆိုးခဲ့ဘဲ
ငါ့သွေးတွေက
အလိုလို ‘ရဲ’ ခဲ့တာပါ ။

အဆုံးတွေကို
မျှော်လင့်တတ်ခဲ့တော့
စမှတ်တွေနဲ့
ငါယဉ်ပါးလာသလိုပဲ ..
ဆုံမှတ်ဆိုတာ
မင်းနဲ့ငါ
ယှဉ်လျှက်လျှောက်ခဲ့တဲ့
ပြိုင်မျဉ်းတွေလိုပဲ … ။

အမှောင်ကို
အဖော်ပြုတဲ့
အထီးကျန် လမင်းလို…
ညဘက်
ဂစ်တာတစ်လက်နဲ့
ကြယ်ရှာပဲထွက်ရမလား ….
ဒီတစ်ခါတော့
မင်းမတောင်းတလည်း
ငါဆွဲဆွဲငင်ငင်
အူပစ်ခဲ့တယ် ။ ။

သက်ထွေး
ညနေး ၅း၃၇ ဇူလိုင် ၇ ရက် ၂၀ဝ၈

In: ကဗျာ Posted By: Date: Apr 19, 2010
Comment #1

(: နောက်ဆုံးပိုဒ်လေးကြိုက်၏..

commentinfo By: melodyphyO at Apr 19, 2010
Comment #2

ကျွန်တော်လည်း ဆွဲဆွဲငင်ငင်အူပစ်လိုက်တယ် …တစ်ကယ်နာကျဉ်းတဲ့ကဗျာ .. မိုက်တယ်

commentinfo By: ကြယ်စု at Jun 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment