Professional Authors

မရေရာနိုင်ခဲ့ခြင်း … (သက်ထွေး)

(၁)
ကျွန်တော်ကိုက
မရေရာနိုင်လွန်းခဲ့တာပါ …

ပတ်ဝန်းကျင်က
လူတွေလို
အတိတ်တွေ
ထုတ်ကြွားရလောက်အောင်
လုံလောက်တဲ့
ပလာစတာ တွေ
ကျွန်တော် မမှာနိုင်ခဲ့ဘူး ။

(၂)
ပုစ္ဆာတွေသာ
တစ်ပုဒ်ပြီးတစ်ပုဒ်
တွက်ခဲ့ပေမယ့်
တစ်ခါမှ
အဖြေ ပြန်မတိုက်ကြည့်ဖြစ်ဘူး ..

ကျွန်တော်ကိုက
မရေရာနိုင်လွန်းခဲ့တာပါ ။

(၃)
အထုပ်အပိုးတွေ
မပြင်ထားလို့တဲ့ ..
ဒီလမ်းကိုပဲ သွားတဲ့
နေဝင်ချိန်ကြီးက
ကျွန်တော့်ကို ပြောတယ် …

ကျွန်တော် ကိုက
မရေရာနိုင် လွန်းခဲ့တာပါ ။

(၄)
ရေးခဲ့တဲ့
ကဗျာတွေက ကျွန်တော့်ကို
ပြန်မေးကြတယ်
သူတို့က
ကဗျာ ဟုတ်ရဲ့လားတဲ့ …

ကျွန်တော် ကိုက
မရေရာနိုင် လွန်းခဲ့တာပါ ။

(၅)
ဒီအိပ်မက်
တစ်ခုကိုပဲ
နေ့ရော ညရော မက်ချင်လို့
ကျွန်တော့် နှလုံးသားလေးကို
ဘယ်ဘက် ထားထားပြီး
အိပ်ဖြစ်တယ် ..

ကျွန်တော်ကိုယ်က
မရေရာနိုင် လွန်းခဲ့တာပါ ။

(၆)
ကျွန်တော် ကိုယ်က
မရေရာနိုင် လွန်းခဲ့တာပါ …

အဝေးဆုံးကို
ထွက်သွားဖို့
အခုထိ
ခရီးတွေ လိုနေခဲ့တယ် ။ ။

သက်ထွေး
မေ ၅ ၂၀ဝ၈ ညနေ ၅း၄၀

In: ကဗျာ Posted By: Date: Jun 2, 2010
Comment #1

တစ်ပုဒ်လုံးကြိုက်တယ်…..
အထုတ်အပိုးတွေ
မပြင်ထားလို့တဲ့ ..
ဒီလမ်းကိုပဲ သွားတဲ့
နေဝင်ချိန်ကြီးက
ကျွန်တော့်ကို ပြောတယ် …

ကျွန်တော် ကိုယ်က
မရေရာနိုင် လွန်းခဲ့တာပါ ။

ကျွန်တော် ကိုယ်က
မရေရာနိုင် လွန်းခဲ့တာပါ …

အဝေးဆုံးကို
ထွက်သွားဖို့
အခုထိ
ခရီးတွေ လိုနေခဲ့တယ် ။ ။

အဲဒါလေးတွေ ခိုက်၏။ ။

commentinfo By: melodyphyO at Jun 2, 2010
Comment #2

ရေးခဲ့တဲ့
ကဗျာတွေက ကျွန်တော့်ကို
ပြန်မေးကြတယ်
သူတို့က
ကဗျာ ဟုတ်ရဲ့လားတဲ့ …

ကျွန်တော် ကိုယ်က
မရေရာနိုင် လွန်းခဲ့တာပါ ။

ကြိုက်တယ်ဗျာ…
စကားလုံးရွေးချယ်မှုအပိုင်းက အစ ဘာမှပြောစရာမရှိဘူး..

commentinfo By: ic23u0 at Aug 3, 2010
Comment #3

nice poem. =)

commentinfo By: waing at Sep 3, 2010
Comment #4

(၁) နဲ့ (၂) ကရက်ရက်စက်စက် လန်သည်
ကြိုက်၏

commentinfo By: dunknow at Sep 7, 2010
Comment #5

ကျွန်တော် ကိုယ်က
မရေရာနိုင် လွန်းခဲ့တာပါ …

အဝေးဆုံးကို
ထွက်သွားဖို့
အခုထိ
ခရီးတွေ လိုနေခဲ့တယ် ။ ။

commentinfo By: အသဲကွဲမိုး at Nov 24, 2010
Comment #6

ပတ်ဝန်းကျင်က
လူတွေလို
အတိတ်တွေ
ထုတ်ကြွားရလောက်အောင်
လုံလောက်တဲ့
ပလာစတာ တွေ
ကျွန်တော် မမှာနိုင်ခဲ့ဘူး ။

အထုပ်အပိုးတွေ
မပြင်ထားလို့တဲ့ ..
ဒီလမ်းကိုပဲ သွားတဲ့
နေဝင်ချိန်ကြီးက
ကျွန်တော့်ကို ပြောတယ် …

အဝေးဆုံးကို
ထွက်သွားဖို့
အခုထိ
ခရီးတွေ လိုနေခဲ့တယ် ။ ။…..ကောင်းလွန်းလို့ ..ချီးမွန်းစရာစကားတောင်ရှာမတွေ့ တော့ဘူး….ဗျာ….။

commentinfo By: terry at Jun 17, 2011
Comment #7

very nice poem,i like very much.

commentinfo By: moe at Jun 17, 2011
Comment #8

သူကြီးရေ ကဗျာက ကောင်းတယ်ဗျာ။ ခက်တာက လူက မကောင်းတာ 😛 ။ ကဗျာလေးတွေလောက် လူက လှရင် သူကြီး မြန်မြန် ယောက်ျားရ အဲလေ မိန်းမရနိုင်တယ်ဗျ။ ဟတ်ဟတ် စိတ်ဆိုးရဝူးနော်။

commentinfo By: chiron at Jul 13, 2011
Comment #9

ကျွန်တော် ကိုယ်က
မရေရာနိုင် လွန်းခဲ့တာပါ …

အဝေးဆုံးကို
ထွက်သွားဖို့
အခုထိ
ခရီးတွေ လိုနေခဲ့တယ်

အရမ်းကြိုက်တယ်
ကောင်းလိုက်တာ………..

ကလောင်ရှင်..သက်ထွေး ကဗျာတွေ မဂ္ဂဇင်းတွေမှာလဲ
ဖတ်ရပါတယ်…….အရမ်းကြိုက်ပါတယ် အားပေးပါတယ်

commentinfo By: chocolate at Aug 21, 2011
Comment #10

ဘယ်လိုမျိုး ဝေဖန်မှုတွေ တပ်ပေးရင်ကောင်းမလဲ…?။
ကျွန်တော် ကိုယ်က
မရေရာနိုင် လွန်းခဲ့တာပါ ..။

commentinfo By: zawthetoo at Jan 31, 2012
Comment #11

ခင်ဗျားသိပ်တော်တယ်ဗျာ

commentinfo By: sharon myorr myor at Mar 21, 2012
Comment #12

i like both title & poem

commentinfo By: ei lay at Mar 21, 2012
Comment #13

oh ..ta kal like tal bro yar ..(y)

commentinfo By: tabound at Jan 16, 2013
Comment #14

ဒီအိပ်မက်
တစ်ခုကိုပဲ
နေ့ရော ညရော မက်ချင်လို့
ကျွန်တော့် နှလုံးသားလေးကို
ဘယ်ဘက် ထားထားပြီး
အိပ်ဖြစ်တယ် ..
ကောင်းလိုက်တာ….

commentinfo By: နွေ at Aug 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment